ဖခင်ကိုရည်စူးပြီး နှလုံးဌာနမှာရေအေးစက်လှူဒါန်းခဲ့တဲ့အပြင် မကစ်ကိုပါသွားရောက်လှူခဲ့တဲ့ လင်းဇာနည်ဇော်တို့ညီအစ်မ

သရုပ်ဆောင် လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအမတွေကတော့ ယနေ့မှာ နှလုံးဌာနကို ရေအေးစက်သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒါရိုက်တာဦးခင်ဇော် ကတော့ ဒီဇင်ဘာလထဲမှာ ကွယ်လွန်သွားခဲ့ပြီးတော့ သားဖြစ်သူ မိုက်တီးရြဲ့ပန်အလာကိုတောင် မစောင့်နိုင်ရှာခဲ့တာပါ။ မိဘကို ဘုရားတစ်ဆူလို ကိုးကွယ်တတ်တဲ့ သူတို့မောင်နှမအတွက်တော့ ဖခင်ရဲ့ဆုံးရှုံးမှုကြီးက အင်မတန်ဆိုးဝါးခဲ့ပါတယ်။

လင်းဇာနည်ဇော်တို့ညီအမတွေကတော့ ယနေ့မှာ ဖခင်ကို မေတ္တာနဲ့အမြဲကြည့်ပေးခဲ့တဲ့ နှလုံးဌာနကို ရေအေးစက်သွားရောက်လှူဒါန်းခဲ့ပြီးတော့ မနေ့က ဆေးရုံဆင်းလာခဲ့တဲ့ ကျောက်ကပ်ဝေဒနာရှင် ဟာသသရုပ်ဆောင်ကစ်ကစ်ကိုလည်း လိုအပ်တာသုံးဖို့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီလှူဒါန်းမှုအစုစုဟာလည်း ဖခင်ကိုရည်စူးပြီးလှူဒါန်းထားတာဖြစ်တယ်လို့ဆိုပါတယ်။

သရုပ်ဆောင် လင်းဇာနည်ဇော်က “ဖေဖေ့ကိုမေတ္တာနဲ့အမြဲကြည့်ပေးတဲ့ နှလုံးသမားတော်မမနွယ် ရှိတဲ့နှလုံးဌာနမှာရေအေးစက်လှု ပြီး-ကျောက်ကပ်ရောဂါခံစားနေရရတဲ့မကစ် ကိုလဲ လိုအပ်တာသုံးဖို့လှုဒါန်းခဲ့ပါတယ်.. အဖေ့အတွက်ရည်စူးပြီးလှုတဲ့ဒီအလှုလေးကို ကောင်းရာနေရာကနေအေးချမ်းစွာသာဓုခေါ်ပါအဖေ🙏” လို့ ဖခင်အတွက်အလှူဒါန်းတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

Photos-Lin Zarni Zaw

Facebook Comments

admin

error: Content is protected !!