ဖြိုးမြတ်အောင်ကို တစ်ယောက်တည်းသီချင်းဆိုခိုင်းပြီး အရှက်ခွဲတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဖြေရှင်းလိုက်တဲ့ တင်​ဇာ​မော်

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Shwe FM (9)နှစ်ပြည့် ဆုပေးပွဲအခမ်းအနားမှာတော့ အဆိုတော်တွေအတွက် ထိုက်တန်တဲ့ ဆုကြီးတွေကို ခမ်းခမ်းနားနား ချီးမြင့်ပေးခဲ့တဲ့အ ပြင်၊ တေးသံရှင်တွေရဲ့ အမိုက်စား သီဆိုဖျော်ဖြေမှုတွေနဲ့လည်း စည်ကားခဲ့တာ တွေ့ရပါတယ်။အဆိုပါဆုပေးပွဲမှာတော့ Myanmar Idol Season (3) ရဲ့ Winnerဆုရှင်တစ်ဦးဖြစ်တဲ့ ဖြိုးမြတ်အောင်ကတွဲဖက်သီဆိုရမယ့် တင်ဇာမော် မရောက်လာတာကြောင့် တစ်ယောက်တည်း အကောင်းဆုံးသီဆိုဖျော်ဖြေခဲ့တာပါ။ ဖြိုးမြတ်အောင်ရဲ့ပရိသတ်တစ်ချို့ကတော့ ဆုပေးပွဲအခမ်းအနားကိုတက်ရောက်လာနိုင်ခြင်းမရှိတဲ့ တေးသံရှင် တင်ဇာမော်ကို ဝေဖန်ပုတ်ခတ်ခဲ့ကြတာ တွေ့ရပါတယ်။

အဆိုပါအကြောင်းအရာကို ဝေဖန်နေကြတဲ့သူတွေကိုတော့ တေးသံရှင် တင်ဇာမော်က သေသေချာချာလေးကို ပြန်လည်ရှင်းပြခဲ့တာ တွေ့ရပါတယ်။

တင်ဇော်မော်ကို ဝေဖန်ခဲ့ကြသူတွေကတော့ ဖြိုးမြတ်အောင်ကို တစ်ယောက်တည်း သီချင်းဆိုခိုင်းပြီးတော့ တမင်ရည်ရွယ်ပြီး ပွဲမသွားခဲ့တာလားဆိုတဲ့အထိကို ဝေဖန်ခဲ့ကြတာပါ။

အဆိုပါဝေဖန်မှုတွေရဲ့အောက်မှာတော့ တင်ဇာမော်က “Shwe Abee အစ်မ လန်ဒန်မပြန်ခင်၂ရက်အလိုမှာ ဘယ်တော့ရိုက်ရမယ်မှန်းမသိရပဲ အမှီဆိုပေးခဲ့ပြီး ပြန်ခဲ့ရတာ.. အစ်မက ဒီမှာ ကလေး၂ယောက်ကျောင်းကြိုပို့ 
အိမ်မှူကိစ္စတွေနဲ့  ပြန်လာလို့  မရလို့  ဒီဇင်ဘာ ရော တန်ဆောင်တိုင်ပွဲတွေရော ဘာမှ လက်မခံပဲ ပြန်လာခဲ့ရတာလေ.. အစ်မ လည်း တက်ချင် ဆင်နွဲချင်တာပေါ့.. အဝေးကနေ လှမ်ူအားပေးပြီး သတင်းမေးနေခဲ့တာလေ.. ကလေး ဘယ်လို ဆိုမှာလဲ ဆိုတော့ performance နဲ့  ဆိုမယ်ပြောတော့ သူက အစကတည်းက အက်တင်ကောင်းတယ်လို့  တွေးမိ စိတ်ချမိပါတယ်။

အစ်မက တစ်ခါ ပြန်ရင် နောက်ကြောင်းလှည့်မကြည့်ပဲပြန်ရတာ ရန်ကုန် ပြန်လာရင်လည်းဒီလိုပဲ လန်ဒန်မှာကျန်ခဲ့တဲ့ မိသားစုကို စိတ်ဖြတ် အကုန်စီစဉ်ပြီးမှ ပြန်ရတာ.. လန်ဒန်ပြန်ရင်လည်း ဒီလိုပဲ ရန်ကုန်မှာ အကုန်စိတ်ရော အလုပ်ရောဖြတ်ပြီးပြန်ရတော့.. မပြန်ခင်၂ရက်အလိုမှာ အမြန်ဆိုပေးခဲ့တာ Album အနေနဲ့ ပဲ ထွက်မှာဆိုပြီးတော့လေ.. ၂ယောက်လုံးအတွက် အမှတ်တရ official track ရလို့ ပျော်နေ တာပါ.. ခုလိုမျိုးဖြစ်လိမ့်မယ် မထင်ခဲ့ဘူး ဒါပေမယ့် အဲ့ညက ကလေးဆိုတာအဆင်ပြေနေပါတယ် ကပေးတဲ့ ကလေးမလေးကလည်းလှ .. အစ်မတောင်တွေးနေသေးတယ် ကိုယ်ဆိုရင် ဒီလို လှပနေအောင်ကတတ်မှာမဟုတ်ဘူးလို့ .. အစ်မလည်း ပရိသတ်နဲ့ ထပ်တူ စိတ်မကောင်းဖြစ်နေမိတာပါ” ဆိုပြီး သူမကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်နေတဲ့အကြောင်းနဲ့ တစ်ယောက်တည်းသီဆိုတာတောင် အကောင်းဆုံးဖျော်ဖြေခဲ့တဲ့ ဖြိုးမြတ်အောင်ကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

တင်ဇာမော်ကတော့ Myanmar Idol Season (3) ပြိုင်ပွဲမှာ ဖြိုးမြတ်အောင်ကို ချစ်ခင်ပြီး အစစအရာရာ ကူညီဖေးမခဲ့တဲ့ ဒိုင်တစ်ဦးပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အထင်မလွဲကြပဲ တင်ဇာမော်ပြောသလို တစ်ယောက်တည်းတောင် အကောင်းဆုံးသီဆိုသွားနိုင်တဲ့ ဖြိုးမြတ်အောင်ကို ချီးကျူးစကား ဆိုပေးလိုက်ကြပါဦးနော်။

Myint Myat
Source;Tin Zar Maw’s Facebook

Facebook Comments

admin

error: Content is protected !!