တစ်ဦးတည်းသော သမီးချောလေး သစ်သစ်မင်းရာဇာကို ထုတ်ပြလိုက်တဲ့ သရုပ်ဆောင် မင်းရာဇာ

Last modified date

သရုပ်ဆောင်မင်းရာဇာကတော့ အနုပညာလောကမှာ အားပေးမှုတွေရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီးတော့ နောက်ထပ်ရင်သွေးလေးတစ်ဦးကလည်း မင်းရာဇာတို့ မိသားစုဘဝထဲကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ မင်းရာဇာကတော့ လက်ရှိမှာ ဇနီးသည် မဖူးပွင့်ငုံနဲ့ သမီးချောလေး သစ်သစ်မင်းရာဇာတို့နဲ့အတူ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

နောက်ထပ်ရင်သွေးလေးကတော့ (၅) လရှိနေပြီဖြစ်ပြီးတော့ သားလေးဖြစ်တယ်လို့ သိရပါတယ်။ သရုပ်ဆောင် မင်းရာဇာက သမီးချောလေးဖြစ်တဲ့ သစ်သစ်မင်းရာဇာရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ မိသားစုပုံရိပ်လေးတွေကို မကြာခဏ တင်လေ့ရှိတဲ့ မင်းရာဇာက တစ်ဦးတည်းသော သမီးလေးရဲ့ ချစ်စရာဟန်ပန်လေးတွေကို တင်ပြီး ပရိသတ်ကြီးကို မေးခွန်းထုတ်လိုက်ပါသေးတယ်။

“ချစ်ကြလားဗျာ” ဆိုပြီးတော့ သမီးလေး သစ်သစ်မင်းရာဇာရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးထားပါ။ သမီးလေး သစ်သစ်မင်းရာဇာကတော့၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ အသက် (၄) နှစ်ကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ ငယ်ရွယ်သေးပေမယ့် အိုက်တင်အပေးကောင်းတဲ့ သစ်သစ်မင်းရာဇာလေးရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ သူလေးလည်း ဖခင်လိုပဲ အနုပညာသွေးအပြည့်ပါလာတယ်ဆိုတာ အမှန်ပါပဲ။

Source : We Love Cele
Photos-Min Yar Zar

Facebook Comments

admin

error: Content is protected !!