လိုက်ဖက်ညီတဲ့ မင်္ဂလာမောင်နှံလေးအဖြစ် မြင်တွေ့ရတဲ့ မိုးယံဇွန်နဲ့ ဇွန်သံစဉ်တို့စုံတွဲ

နာမည်ကျော် သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ မိုးယံဇွန်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာအောင် နာမည်တစ်လုံးနဲ့ ရပ်တည်အောင်မြင်နေသူတစ်ဦး ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရိုက်ကူးနေရတဲ့ မိုးယံဇွန်က လက်ရှိမှာလည်း “အကြင်နာမြစ်ဖျား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေရပါတယ်။ ယောက်ျားပီသပြီး ချောမောပြေပြစ်တဲ့မျက်နှာပိုင်ရှင် မိုးယံဇွန်က သူနဲ့လိုက်ဖက်ညီတဲ့ ချစ်သူကောင်မလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားခြင်းမရှိတဲ့ မိုးယံဇွန်က အခုတော့ သူချစ်ရတဲ့ ချစ်သူကောင်မလေးကို အတိအလင်း ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ သူကတော့ Miss Universe Myanmar အလှမယ်ဟောင်းတစ်ဦးဖြစ်တဲ့ မော်ဒယ်ဇွန်သံစဉ်ပဲ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးက အစပိုင်းမှာ ပရိသတ်တွေကို အသိမပေးဘဲတွဲခဲ့ကြပေမယ့် အားလုံးကတော့ သူတို့နှစ်ယောက် ချစ်ကြိုက်နေကြပြီဆိုတာ ရိပ်မိနေခဲ့တာ ဖြစ်ပါတယ်။

အခုတော့ မိုးယံဇွန်က ချစ်သူလေး ဇွန်သံစဉ်နဲ့အတူ တွဲဖက်ရိုက်ကူးထားတဲ့ မင်္ဂလာစုံတွဲပုံလေးတစ်ပုံကို ထုတ်ပြလိုက်ပါတယ်။ ဒီပုံလေးကိုတော့ မိုးယံဇွန်က ” narzbambam ‘s 2018 wedding dress ” ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူ ချစ်သူလေးကို Tag တွဲပြီးတင်ထားတာပဲ ဖြစ်ပါတယ်။ ဒီပုံအောက်မှာတော့ ပရိသတ်တွေနဲ့ သူငယ်ချင်းတစ်ချို့က CONGRATULATIONS ဆိုထားကြပေမယ့် သူတို့ကတော့ ထွေထွေထူးထူး တုံ့ပြန်ထားတာမျိုးမရှိသေးပါဘူး။ ကဲ ချစ်ပရိသတ်တွေအတွက် မိုးယံဇွန်နဲ့ ဇွန်သံစဉ်တို့ ချစ်သူနှစ်ဦးရဲ့စုံတွဲပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Zay Khine Myint Swe;

Facebook Comments

admin

error: Content is protected !!