ဒိန်း​ဒေါင်​ရဲ့ ​မွေး​နေ့ပွဲမှာ ​ဝေလသီချင်းနဲ့ ​ဖျော်​​ဖြေတင်​ဆက်​​ပေးခဲ့တဲ့ ခြိမ့်​​ကေကိုရဲ့ ဗီဒီယိုဖိုင်

Myanmar Idol အစီအစဉ်ရဲ့ လူရွေးပွဲကနေမှတဆင့် လူမှုကွန်ယက်မှာ နာမည်ကြီးလာခဲ့သူ ခြိမ့်ကေကိုဟာ အခုဆိုရင်တော့ သူ့ရဲ့ အရည်အချင်းစစ်တွေကို ထုတ်ပြခဲ့ပြီးနောက် အောင်မြင်မှုတွေ ရရှိနေသူတစ်ဦးပါ။ Myanmar Idol အစီအစဉ်ရဲ့ လူရွေးပွဲနေ့မှာ အကောင်းဆုံးပါ ယှဉ်ပြိုင်ခဲ့ပေမယ့် ကံမကောင်း အကြောင်းမလှတာကြောင့် လူရွေးပွဲမှာကတည်းက ပြုတ်သွားခဲ့ရသူတစ်ဦးပါ။

ဒါ​ပေမယ့်​ ခြိမ့်​​ကေကိုရဲ့ ရိုးသားတဲ့ စိတ်​​နေစိတ်​ထားနဲ့ ပွင့်​ပွင့်​လင်းလင်းရှိတဲ့စရိုက်​တို့​ကြောင့်​ ပရိသတ်​​တွေက ချစ်​ခင်​အား​ပေးကြပါတယ်​။ အခုဆိုရင်​ ခြိမ့်​​ကေကိုကို အား​ပေးတဲ့ ပရိသတ်​​​တွေနဲ့ အ​နေအထားတစ်​ခုကို​ရောက်​ရှိ​နေပြီဖြစ်​ပါတယ်​။

ခြိမ့်ကေကိုက အခုဆိုရင်တော့ တစ်ကိုယ်တော်သီချင်းတွေကိုလဲ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ခြိမ့်ကေကိုရဲ့ ပထမဆုံးတစ်ကိုယ်တော် သီချင်းဖြစ်တဲ့ “မမရေလွမ်းလို့” ဆိုတဲ့ သီချင်းကလဲ ပရိသတ်တွေကြားမှာသာမက အနုပညာလောကမှာပါ တုန်လှုပ်အောင်မြင်သွားစေတဲ့ သီချင်းလေးဖြစ်ပါတယ်။

ခြိမ့်​​ကေကိုက အနုပညာလုပ်​ငန်း​တွေကို လုပ်​ကိုင်​ပြီး သီချင်းအသစ်​​တွေကိုလဲ ဖန်​တီးလျက်​ရှိပါတယ်​။ ခြိမ့်​​ကေကိုက ဒီဇင်​ဘာလ(၂၈)ရက်​​နေ့က ကျ​ရောက်​ခဲ့တဲ့ ဒိန်း​ဒေါင်​ရဲ့ ​မွေး​နေ့ပွဲမှာ အမှတ်​တရ သီချင်း​လေး​တွေ သီဆို​ပေးခဲ့ပါတယ်​။ ပရိသတ်​ကြီးအတွက်​ ခြိမ့်​​ကေကိုရဲ့ သီဆို​ဖျော်​​ဖြေ​ပေးခဲ့တဲ့ ဗီဒီယို​လေးကို တင်​ဆက်​​ပေးလိုက်​ပါတယ်​။

ဒိန်း​ဒေါင်​ရဲ့​မွေး​နေ့ပွဲမှာ နာမည်​ကြီး​တေးသီချင်း​တွေနဲ့ ​ဖျော်​​ဖြေတင်​ဆက်​​ပေးခဲ့တဲ့ ခြိမ့်​​ကေကို

ပရိသတ်ကြီးလဲ ခြိမ့်ကေကိုရဲ့ ကြိုးစားဖျော်ဖြေပေးမှုကို သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျနှစ်ခြိုက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!