ကမ်းခြေကို အလည်ပတ်ရောက်ရှိနေတဲ့ စစ်လွန်းဝတီထက်တို့သားအဖရဲ့ ချစ်စရာပုံရိပ်လေးများ

အဆိုတော် စိုင်းလွှမ်းကတော့ ထက်ထက်မိုးဦးနဲ့အတူ ချစ်စရာကောင်းတဲ့ သမီးချောလေး စစ်လွန်းဝတီထက်ကို ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။ အဆင်မပြေတဲ့မိသားစုအကြောင်းအရာတွေကြောင့် သားအဖ (၂) ဦးတည်းသာ ရပ်တည်နေထိုင်နေကြတာဖြစ်ပါတယ်။ သမီးလေးကို ဖခင်လိုတစ်မျိုး၊ မိခင်လိုတစ်မျိုး စောင့်ရှောက်ပေးနေတဲ့ ဖခင်ဖြစ်သူရဲ့ မေတ္တာတရားတွေကိုလည်း ပုံလေးတွေထဲမှာ တွေ့မြင်နိုင်ပါသေးတယ်။ စစ်လွန်းဝတီထက်တို့ သားအဖ (၂) ယောက်လုံးကတော့ ကမ်းခြေကို အလည်အပတ်ရောက်ရှိနေကြတာဖြစ်ပါတယ်။ သားအဖ (၂) ယောက်ရဲ့ ကမ်းခြေရောက် ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

တစ်ဦးတည်းသော သမီးလေးကို ဂရုတစိုက်နဲ့ ပိုးမွေးသလို ချစ်နေတဲ့ဖေဖေ

ကမ်းခြေမှာ ပျော်နေကြတဲ့ စစ်လွန်းဝတီထက်တို့ သားအဖ

ဖခင်ရဲ့ ဂရုစိုက်မှုတွေနဲ့အတူ အပန်းဖြေနေတဲ့ စစ်လွန်းဝတီထက်

စစ်လွန်းဝတီထက်တို့ သားအဖရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်တာကြောင့် စစ်လွန်းလေးကို လွမ်းနေတဲ့ပရိသတ်ကြီးကတော့ အလွမ်းပြေမယ်လို့ထင်ပါတယ်နော်။We Love Cele

Photos-Sai Hlwan

Facebook Comments

admin

error: Content is protected !!