“ငါ့ချစ်သူဖြစ်ခဲ့ဘူးတဲ့ သူကိုမုန်းတယ်” ဆိုတဲ့အမိုက်စား စာသားတွေနဲ အိုင်ရင်းဇင်မာမြင့်ရဲ့ “Hate” သီချင်းအသစ်

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်း ခံထားရတဲ့ အသံချိုချိုလေး နဲ့ သီချင်းများစွာသီဆိုလေ့ရှိတဲ့ နိုင်ငံကျော် အဆိုတော်မလေး အိုင်ရင်းဇင်မာမြင့် ဟာဆိုရင် ပရိသတ်အကြိုက်သီချင်းလေးတွေသီဆိုရင်း အနုအညာအလုပ်တွေ ကြိုးစား လုပ်ကိုင် နေသူလေးပါ။ သူမရဲ့ သီချင်းလေးတွေက လူကြီးလူငယ်အကြိုက် သီချင်းလေးတွေဖြစ်တာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် အိုင်ရင်းဇင်မာမြင့်ရဲ့ အမိုက်စား သီချင်း အသစ်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်။

သီချင်းအေးအေးလေးတွေ ၊ ရှေ့ခေတ်သီချင်းတွေကို ပြန်ဆိုတေး အနေနဲ့ သူမဆိုနေကျပုံစံလေးတွေနဲ့ သီဆိုရင်း ပရိသတ်တွေအားပေးချစ်ခင်နေတဲ့ အိုင်ရင်းဇင်မာမြင့်က ဒီတစ်ခါမှာ တော့ မြူးမြူးကြွကြွ ပုံစံလေးနဲ့ ” Hate ” ဆိုတဲ့ သီချင်းလေးကို သီဆိုထားပါတယ်။

အကအဖွဲ့လေးတွေနောက်ခံပြီး မြူးမြူးကြွကြွသီဆိုထားတဲ့ ” Hate ” သီချင်းလေးက ငါ့ချစ်သူဖြစ်ခဲ့ဘူးတဲ့ သူကိုမုန်းတယ် ၊ငါ့ဘ၀ကို လှည့်စားခဲ့တာတွေကို မုန်းတယ်၊ပြုံးပြုံးကြီးပဲ မုန်းပြီးရင်း မုန်းပါတယ်၊ဆိုတဲ့ အမိုက်စား စာသားတွေပါဝင်ပါတယ်။

အိုင်ရင်းဇင်မာမြင့်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေအတွက် ဆိုနေကျပုံစံနဲ့ မတူတဲ့ မြူးမြူးကြွကြွသီချင်းလေးကို ပရိသတ်တွေ အကြိုက်တွေ့ကြလိမ့်မယ်ထင်ပါတယ်။

Hate music video

အဆိုတော် အိုင်ရင်းဇင်မာမြင့်ရဲ့ အမိုက်စား သီချင်း အသစ်လေး ဖြစ်တဲ့ ” Hate ” MV လေးကို ပရိသတ်တွေအကြိုက်တွေ့ကြလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source : momolay

Facebook Comments

admin

error: Content is protected !!