၂၀၁၈ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့ကြတဲ့ အနုပညာရှင် (၉)ဦး

၂၀၁၈ ခုနှစ်ကတော့ အနုပညာလောကရဲ့ ကြယ်ပွင့်တွေများစွာ ကြွေလွင့်သွားခဲ့ကြရတဲ့ နှစ်ပါ။ သေခြင်းတရားဆိုတာ အသက်အရွယ်မရွေး ကြုံတတ်ကြပေမယ့် ယခုနှစ်ရဲ့ ကြွေလွင့်ခြင်းမှာတော့ အနုပညာလမ်းအတွက်ပန်းတိုင်တွေများစွာ ရည်မှန်းထားခဲ့ကြတဲ့ ကြယ်ပွင့်တွေလည်း ပါဝင်နေခဲ့ပါတယ်။ ၂၀၁၈ ရဲ့ နှစ်အစကနေပြီးတော့ ဒီဇင်ဘာလ ရောက်တဲ့အထိ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ကြတဲ့ အနုပညာရှင် (၉) ဦးရှိခဲ့ပါတယ်။ ဒီ (၉) ဦးကိုတော့ ပရိသတ်ကြီးအတွက် ဝမ်းနည်းစွာနဲ့ ဖော်ပြပေးလိုက်ပါတယ်။

အောင်ရဲထွေး

ဟာသဗီဒီယိုတွေနဲ့ အွန်လိုင်းမှာနာမည်ကြီးလာခဲ့တဲ့ အောင်ရဲထွေးဟာ အနုပညာလောကထဲကို ဝင်ရောက်လာပြီး ရုပ်ရှင်တွေရိုက်ကူးခွင့်ရရှိနေခဲ့ပြီဖြစ်ပါတယ်။ နှစ်သစ်ကူးညတွင် အုပ်စုဖွဲ့ ရိုက်နှက်ခံရ ရာမှ ဇန်နဝါရီလ (၂) ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဦးရဲလွင်

ပန်းရဲ့လမ်း ပဲ့ကိုင်ရှင်တစ်ဦးဖြစ်သူ ဦးရဲလွင်ကတော့ အသည်းမကောင်းတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ဇူလိုင်လ (၁၀) ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အမေဒေါ်မိုးသီတာမိုး

ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ အမေ ဒေါ်မိုးသီတာမိုးကတော့ ၉၆ ပါးသောရောဂါနဲ့ သြဂုတ်လ (၁၈) ရက်နေ့တွင် နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ယွန်းဆက်ပိုင်

Miss Universe Sagaing ဆုရှင်တစ်ဦးဖြစ်တဲ့ ယွန်းဆက်ပိုင် ကွယ်လွန်မှုကတော့ပရိသတ်တွေအတွက် နှမြောတသဖြစ်စရာဖြစ်ခဲ့ပါတယ်။ ငယ်ရွယ်ပြီးချောမောလှပတဲ့ အလှမယ်တစ်ယောက်ဟာ အရွယ်ကောင်းချိန်လေးမှာပဲ သေခြင်းတရားနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယွန်းဆက်ပိုင် ဟာ စက်တင်ဘာလ ၂၃ ရက်နေ့မနက်ပိုင်းမှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

မင်းသွေး

အကယ်ဒမီမင်းသားကြီး နေတိုးရဲ့ တစ်ဦးတည်းသော ညီလေး၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်၊ အဆိုတော်ဖြစ်တဲ့ မင်းသွေးကတော့ အောက်တိုဘာလ ၃ ရက်နေ့ ဘောလုံးကစားပြီး နားနေရာမှ ရုတ်တရက်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မင်းသွေးဟာ သေဆုံးချိန်မှာတော့ သူလုပ်ကိုင်နေဆဲဖြစ်တဲ့ အနုပညာအလုပ်တွေများစွာ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။

ဒေါ်စံပယ်

ဇာတ်ပို့ သရုပ်ဆောင် အမေ ဒေါ်စံပယ် ဟာ နှလုံး၊ ကျောက်ကပ်ရောဂါဖြင့် သူမရဲ့ နေအိမ်မှာပဲ အောက်တိုဘာလ ၂၄ ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။ သူမဟာ မကွယ်လွန်ခင်မှာလည်း ရောဂါဝေဒနာကြောင့် ဆေးရုံမကြာခဏ တက်ရောက်ကုသခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါရိုက်တာ ဦးခင်ဇော်

ထူးချွန်လှတဲ့ မင်းသမီး၊ ဒါရိုက်တာ သားသမီးတွေကို မွေးထုတ် ပေးနိုင်ခဲ့တဲ့ ဒါရိုက်တာ ဦးခင်ဇော်ဟာ ဒါရိုက်တာမိုက်တီး၊ မင်းသမီး လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်တို့ရဲ့ ချစ်လှစွာသော မွေးသဖခင် ကျေးဇူးရှင်ဖြစ်ပါတယ်။ ဒါရိုက်တာဦးခင်ဇော်ဟာ ဒီဇင်ဘာလ ၃ ရက်နေ့မှာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

လူကြမ်း မင်းသား ဦးဌေးဝင်း

လူကြမ်းမင်းသား ဦးဌေးဝင်းလို့ ပရိသတ်တွေသိထားကြတဲ့ သရုပ်ဆောင် ရဲမင်းပိုင်ရဲ့ ဖခင်ဖြစ်သူဟာ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

လားရှိုးသိန်းအောင်

တန်ဖိုးရှိလှတဲ့ အနုပညာရှင်ကြီးတစ်ဦးဖြစ်သူ လားရှိုးသိန်းအောင်ကတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဟူစတန် Texas မှာ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Source : We Love Cele
Photos-အနုပညာရှင်များရဲ့ ဖေ့ဘုတ်

Facebook Comments

admin

error: Content is protected !!