၂၀၁၈ မှာ ချစ်ရသူတွေနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ မြန်မာဆယ်လီ ( ၁၀ )ဦး

(၂၀၁၈)ခုနှစ်အတွင်းမှာ ချစ်ရသူတွေနဲ့ ရွှေလက်တွဲခဲ့ကြတဲ့ ဆယ်လီတွေ ရှိပါတယ်။ဘယ်ဆယ်လီတွေက Single ဘ၀ကို စွန့်လွှတ်ပြီး ချစ်ရသူတွေနဲ့ ရွှေလက်တွဲ ခဲ့ကြသလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁# မော်ဒယ်မြတ်ပုဏ္ဏမီနိုင်ရဲ့ မင်္ဂလာပွဲ

ဝင်းမြတ်နိုင်နှင့် မော်ဒယ်မြတ်ပုဏ္ဏမီနိုင်တို့ရဲ့ မင်္ဂလာပွဲကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ Novotel Hotel မှာပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။

၂# အဆိုတော်စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲ

သီဟလွင်နှင့် အဆိုတော် စန္ဒီမြင့်လွင်တို့ရဲ့ မင်္ဂလာပွဲလေးကိုတော့ ၂၀၁၈ ခုနှစ် မတ်လထဲမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

၃# ထိုက်စံ မော့စ်

နာမည်ကျော်ဟာသ သရုပ်ဆောင်ကြီး ဦးမော့စ်ရဲ့ သားဖြစ်တဲ့ ထိုက်စံ မော့စ် တစ်ယောက် ချစ်ရသူနဲ့ ရွှေလက် တွဲ ခဲ့ပါတယ်။ ထိုက်စံ မော့စ် နဲ့ ဒေါက်တာမေသူ တို့ရဲ့ မင်္ဂလာပွဲကိုတော့ အောက်တိုဘာလ၂၇ ရက်နေ့ က Western Park Royal မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

၎#ဂျွန်

စိုင်းစိုင်းရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ဂျွန် (John ) ကတော့ ချစ်ရသူနဲ့ ရွှေလက်တွဲ ခဲ့ပါတယ်။ဂျွန်ကတော့ သီချင်း ထဲက အတိုင်း သူ့ရဲ့ ဒေါက်တာမလေး ( ဒေါက်တာမြတ် သီရိမောင်)နဲ့ လက်တွဲနိုင်ခဲ့တာပါ။မင်္ဂလာဧည့်ခံပွဲမှာတော့ စိုင်းစိုင်းနဲ့ G Fatt တို့က သတို့ သားအရံအဖြစ် အားဖြည့်ပါဝင်ပေးခဲ့ပါတယ်။

ဂျွန်နဲ့ ဒေါက်တာမြတ် သီရိမောင်တို့ မောင်နှံတို့ရဲ့ မင်္ဂလာညစာစားပွဲကို ဇူလိုင်လ ၇ ရက်နေ့က Royal Green River Princess Cruise ပေါ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

၅#ခိုင်သဇင်ယုဝါ

အမြွှာညီအစ်မတွေ ဖြစ်တဲ့ ခိုင်သဇင်ငုဝါနဲ့ ခိုင်သဇင်ငုဝါမှာတော့ အမဖြစ်တဲ့ ခိုင်သဇင်ယုဝါက သူမချစ်ရတဲ့ သူနဲ့ ရွှေလက် တွဲသွားခဲ့ပါပြီ။ ရဲထွဋ် နဲ့ ခိုင်သဇင်ယုဝါ တို့ရဲ့ မင်္ဂလာလက်မှတ် ရေးထိုး ပွဲကိုတော့ 29.11.2018 ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

၆#ခင်ရူပ

ခင်ရူပါကတော့ သူမရဲ့ ချစ်သူ ကိုစည်သူအောင်နဲ့ ရွှေလက်တွဲခဲ့ပါတယ်။မင်္ဂလာဦးဆွမ်းကျွေးကိုတော့ (၁၉.၁၂.၂၀၁၈) ရက် နေ့က ပြုလုပ်ခဲ့ပါတယ်။

၇#သူထူးစံ

သူထူးစံနဲ့ ထိုက်စုဝင်းတို့ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့မှာတော့ နေပြည်တော်၊ တပ်ကုန်းမြို့ရှိ ငွေတောင်တောရ စာသင်တိုက်မှာ မင်္ဂလာဦးဆွမ်းကျွေးခဲ့ကြပါတယ်။

၈#ရွှေထူး – ရွှေမှုံရတီ

ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ(၁၁)ရက်နေ့က အင်းယားလိပ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ပရိသတ်တွေကို Surprise အကြီးကြီးဖြစ်စေခဲ့တဲ့ မင်္ဂလာပွဲပါ။

၉#မောင်မောင်အေး

မောင်မောင်အေးတို့စုံတွဲကတော့မကြာခင်အချိန်လေးကမှ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ဇနီးမောင်နှံလေးပဲဖြစ်ပါတယ်။

၁၀#ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာဆောင်လေးကတော့ ပရိသတ်အားလုံးကို အံ့သြသွားစေတဲ့မင်္ဂလာပွဲလေးဖြစ်ခဲ့ပါတယ်။ ၂၀၁၈ အစပိုင်းမှာ မင်္ဂလာဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်

Source အနုပညာရှင်များရဲ့ fb

Facebook Comments

admin

error: Content is protected !!