မွေးနေ့လေးမှာ မြန်မာဆန်ဆန်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ခင်လှိုင်ရဲ့ သမီးချောလေး သဇင်ထူးမြင့်

နိုင်ငံကျော် ဝါရင့်ဇာတ်ပို့ သရုပ်ဆောင် ခင်လှိုင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရသူပါ။ ကျရာဇာတ်ရုပ်ကို ပီပီပြင် ပြင် သရုပ်ဆောင် နိုင်တာကြောင့် သူ့ကို အားပေးချစ်ခင်တဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူပါ။ ဒီနေ့လေးက တော့ သရုပ်ဆောင် ခင်လှိုင် ရဲ့သမီးလေး သဇင်ထူးမြင့် ရဲ့ အသက် ( ၁၉ ) နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ခင်လှိုင် သမီးလေး သဇင်ထူးမြင့်ရဲ့ မြန်မာဆန်ဆန်လေးနဲ့ ချစ်စရာကောင်းနေတဲ့ မွေးနေ့ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

သရုပ်ဆောင် ခင်လှိုင် ရဲ့ သမီးငယ်လေး သဇင်ထူးမြင့် ရဲ့ အသက် ( ၁၉) နှစ်ပြည့် မွေးနေ့လေးဖြစ်တဲ့ ဒီ ဇင်ဘာလ (၃၁) ရက်နေ့ ရန်ကုန် မြို့ သုဝဏ္ဏမြို့နယ်၊ ပေါ်ဆန်းမွှေး (၁) လမ်း ရှိ လမ်းသူ လမ်းသားများ ကို ဒံပေါက် နှင့် ရေခဲမုန့် ကျွေးမွေးလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

သဇင်ထူးမြင့်က သူမရဲ့ မွေးနေ့လေးအတွက် ” Happy Birthday To me♥️ငယ်ငယ်ကပုံလေးတွေကြည့်ချင်တယ် ပြောကြလို့ ..သိမ်းထားတာတွေထုတ်ပြလိုက်ပြီနော်😛😘ဘာလိုလိုနဲ့ အသက်တောင် 19 ပြည့်ပြီခုထိကလေးလိုချွဲပြီးဂျီကျလို့ ကောင်းတုန်း 😝” ဆိုပြီး ပြောထားပါတယ်။

သရုပ်ဆောင် ခင်လှိုင် ရဲ့ သမီးငယ်လေး သဇင်ထူးမြင့် ရဲ့ အသက် ( ၁၉) နှစ်ပြည့် မွေးနေ့ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကလည်း သဇင်ထူးမြင့်အတွက် မွေးနေ့ဆုတောင်း ပေးလိုက်ကြပါဦးနော်။

Photo Source : myanmar celebrity

Facebook Comments

admin

error: Content is protected !!