အလှူရှင်မရှိ လူအရောက်အပေါက်နည်းတဲ့ ပဲခူးရိုးမ​ထဲကရွာထဲသွားပြီး အလှူပြုခဲ့တဲ့ ချမ်းချမ်း

နိုင်ငံကျော်အဆိုတော် မလေး ချမ်းချမ်း ဟာဆိုင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ချမ်းချမ်းက လူသူအရောက်အပေါက်နည်းတဲ့ ပဲခူးရိုးမ မှ ရွာလေးကိုသွားပြီး အလှူလုပ်ခဲ့တဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချမ်းချမ်းက ” ၃၀ရက်​​နေ့က ပဲခူးရိုးမ​ထဲကရွာထဲသွားပြီး က​လေး​တေ လူကြီး​တေအတွက်​ စာ​ရေးကရိယာ​တွေ မုန့်​​တေ အကျီအ​နွေးထည်​​တေ ​ဆေးဝါးပစ္စည်း​တေ အရုပ်​​တေ အကုန်​သယ်​လာပြီး ဒီနှစ်​ အတွက်​ Santa Claus လုပ်​ခဲ့တယ်​..သူတို့​တေ​ပျော်​​တော့ကိုယ်​လဲအရမ်း​ပျော်​တယ်​…အခုလို အလှူရှင်​ မရှိရှားပါးတဲ့​နေရာ​ဒေသတခုကိုလာလှူခွင့်​ရတဲ့အတွက်​…bago yoma eco resort elephant campက မစံပယ်​ ကို​ကျေးဇူးတင်​ပါတယ်​…နည်းသည်​များသည်​ထက်​ ကိုယ်​တတ်​နိုင်​သ​လောက်​လှူခွင့်​လို့အရမ်း​ကျေးဇူးတင်​ပါတယ်​….နှစ်​သစ်​မှာကိုယ်​​ရောစိတ်​ပါ​ပျော်​ရွှင်စွာ​နေထိုင်​နိုင်​ကြပါ​စေကွယ်​” ဆိုပြီးပြောထားပါတယ်။

ချမ်းချမ်းက အလှူရှင်များ မရှိ လူသူအရောက်အပေါက်နည်း တဲ့ ပဲခူးရိုးမရှိ ရွာလေးကို သွားရောက်ပြီး သူမတတ်နိုင်သလောက် ဆေးဝါး အင်္ကျီး စာရေးကိရိယာ လေးတွေသွားရောက်လှူဒါန်းခဲ့တာပါ။

အဆိုတော် ချမ်းချမ်းက မရှိဆင်းရဲတဲ့ ဒေသလေးတွေကို သွားရောက်လှူဒါန်းပြီး မွန်မြတ်တဲ့ သူ့ရဲ့စိတ်ထားလေးကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

အဆိုတော် ချမ်းချမ်း ရဲ့ ပုံရိပ်ကလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

အလှူရှင်များ မရှိ လူသူအရောက်အပေါက်နည်း တဲ့ ပဲခူးရိုးမရှိ ရွာလေးကို သွားလှူခဲ့တဲ့ ချမ်းချမ်းရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေတွေ့ရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;chan chan ‘s facebook

Facebook Comments

admin

error: Content is protected !!