နှစ်ကူးလေးမှာ ချစ်သူဘေဘီမောင်ကို ကတိစကားလေးတစ်ခုပေးလိုက်တဲ့ သားဂန်း

အိမ်မက်ဆုံရာ မှာ ပြိုင်ပွဲဝင်ရာမှ သူ့ရဲ့ သာယာချိုမြိန်တဲ့ အသံလေးတွေကြောင့် လူကြိုက်များလာတဲ့ အဆိုတော် သားဂန်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ အချစ်အယူခံ သီချင်း လေးဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုများစွာရရှိနေတဲ့ သားဂန်းက သရုပ်ဆောင် မင်းသမီးလေး ဘေဘီမောင် နဲ့ ချစ်သူတွေဖြစ်နေကြပြီး သူတို့ချစ်သူနှစ်ဦး ကို ပရိသတ်တွေကလည်း အရမ်းကို ချစ်နေကြတာပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သားဂန်းက ချစ်သူ ရဲ့အနားမှာ အမြဲနေရအောင် ကြိုးစားနေတယ်လို့ ပြောထားတာလေးကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

သားဂန်းတို့ချစ်သူနှစ်ဦး က မနဲ့မောင် စုံတွဲလေးဖြစ်ပြီး သားဂန်းက ချစ်သူမမ ကို အရမ်းချစ်တတ် တာကြောင့် ပရိသတ်တွေက အရမ်းကို သဘောကျနေကြတာပါ။ ချစ်သူရဲ့ ဆိုးနွဲ့တာခံချင်တယ်၊ သဝန်တိုတာကို ကြိုက်တယ်ဆို တဲ့ သားဂန်းက ချစ်သူစိတ်ဆိုးနေရင်လည်း ချော့ရတာကြိုက်ပါတယ်တဲ့ ပရိသတ်ကြီးရေ ၊၊

ဒီတစ်ခါမှာလည်း သားဂန်းက ” 2018မှာအဆင်မပြေမှု့များအားလုံး 2019မှာအဆင်ပြေကြပြီး🙏🏻ချစ်ရတဲ့သူတွေနဲ့အမြဲအတူရှိကြပါစေ🙏🏻 ကျွန်တော်လဲ သူမ အနားမှာတစ်သက်လုံး နေခွင့်ရအောင်ကြိုးစားနေပါတယ်💪🏻 အနုပညာ အလုပ်တွေလဲ ဒီထက်မကကြိုးစားသွားမှာပါ🎤🎸🎼👫❤️☺️” ဆိုပြီးပြောပြထားပါတယ်။

သားဂန်းနဲ့ ဘေဘီမောင် တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

သားဂန်းနဲ့ ဘေဘီမောင် တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြလိမ့်မယ်ထင်ပါတယ်။ ကြည့်ရူ့ပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-Momolay

Facebook Comments

admin

error: Content is protected !!