ဇာတ်လမ်းရုံမတင်ခင်မှာ ပရိသတ်တစ်ချို့ကြိုတင်ငိုပွဲတွေဆင်နေရတဲ့ “ထာဝရထက်နှစ်ဆ” ရုပ်ရှင်

ပရိသတ်ကြီးရေ ဒီရက်ပိုင်းလှုပ်လှုပ် ခတ်ခတ်ဖြစ်နေတဲ့ ရုပ်ရှင် သတင်းလေးတစ်ခုရှိပါတယ်။ဒါကတော့ ဘောလိဝုဒ်ကားကောင်းတစ်ခုကို ပုံတူပွားရိုက်ကူးထားတယ် ဆိုတဲ့ မြန်မာရုပ်ရှင်တစ်ခုကို ပရိသတ်တွေက စိတ်မကောင်းဖြစ်ပြီးဝေဖန်နေကြတယ်ဆိုတဲ့ အကြောင်းအရာလေးပါ ။ ၀၁၆ မှာ နာမည်ကြီးခဲ့တဲ့ bollywood ဇာတ်ကား တစ်ကားဖြစ်တဲ့ Sanam Teri Kasam ဇာတ်ကား ကို မြန်မာမှုပြု ဆန်းသစ်ရိုက်ကူးထားတယ်လို့ ပရိသတ်တွေ ငြင်းခုန်နေကြတဲ့ . . ထာဝရထက်နှစ်ဆ ရုပ်ရှင်ဇာတ်ကားကြီး . . ..၂၀၁၉ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ဇာတ်လမ်း၊ ဇာတ်ညွှန်း ထက်မြက်နိုင်ဇင် ရေးသားပြီး ဒါရိုက်တာ အကယ်ဒမီ ညွန့်မြန်မာညီညီအောင် ရိုက်ကူးထားတဲ့”ထာဝရထက်နှစ်ဆ”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ် အချစ်တော် မြင့်မြတ်၊ ရွှေမှုန်ရတီ နဲ့ မင်းမော်ကွန်းတို့က ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားပါတယ် . . .။

အဆိုပါရုပ်ရှင်ကားကြီးဟာ နမူနာတောင်မထွက်ရှိသေးခင်မှာပဲ ကော်ပီကားဖြစ်တယ်ဆိုတဲ့ သတင်းကို Myanmar Famous Star နဲ့ Bollywood update Myanmar page တွေကဖွင့်ခဲ့ကြတာပါ။ မူရင်းရုပ်ရှင်ဟာ အင်မတန်ကြေကွဲစရာဖြစ်တာမို့ အခုလိုမြန်မာရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းလိုက်တာကို ရုပ်ရှင်ရုံမတင်သေးခင်မှာဘဲ ကြိုတင်ငိုပွဲဝင်နေရတဲ့ ပရိသတ်တွေ အမြောက်အများရှိနေကြောင်းလည်းသိရပါတယ်ရှင်။

Source : Cele Kabar

Facebook Comments

admin

error: Content is protected !!