မျိုးစန္ဒီကျော်ရဲ့ စွပ်စွဲချက်တွေ ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ခင်ပွန်းဟောင်း ဖြိုးကျော်ကျော်မြတ်

မကြာသေးခင်ရက်ပိုင်း က မီဒီယာတွေပေါ်မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ မျိုးစန္ဒီကျော် ရဲ့ စွပ်စွဲချက်တွေအတွက် ခင်ပွန်းဟောင်း ဖြိုးကျော်ကျော်မြတ်က ပြန်လည်ရှင်းလင်းလိုက်ပါပြီ။ မျိုးစန္ဒီကျော် အနေနဲ့ ဖြိုးကျော်ကျော်မြတ် ရဲ့ အားနည်းချက်တစ်ခုဖြစ်တဲ့ သမီးလေးကိုအရမ်းချစ်တာ၊ အရမ်းတွေ့ချင်တာတွေကို လက်နက်တခုလိုထပ်ထပ်ပြီးအသုံးချခဲ့တယ်လို့ ဆိုပါတယ်။

မျိုးစန္ဒီကျော် ဟာ ဖြိုးကျော်ကျော်မြတ် ထားရှိတဲ့ သမီးလေးကို အရမ်းချစ်တဲ့ အချစ်တွေ မေတ္တာတွေ..အဖေနဲ့သမီးတစ်ဦးကိုတစ်ဦးထားရှိတဲ့မေတ္တာတရားတွေကို ရက်ရက်စက်စက်ဖျက်ဆီးပြီး.သမီးလေးကို အဖေကိုမမှတ်မိအောင် အဖေကိုအရမ်းခင်တွယ်တဲ့သမီးလေးကိုတောင် ရက်ရက်စက်စက် အဖေနဲ့မတွေ့ရအောင်မရရအောင်ခွဲခဲ့တဲ့မင်းက အခုလို မီဒီယာအားယူ အနုပညာရှင်ဆိုတဲ့ ပြည်သူချစ်တာတွေအားယူပြီး လုပ်ကြံပြောထွက်နိုင်တာကြောင့် ..အရမ်းတုန်လှုပ်မိတယ် လို့ဆိုပါတယ်။ ဖြိုးကျော်ကျော်မြတ်က “မင်းကျူးလွန်ထားတာက သမီးကိုအရမ်းချစ်တဲ့အဖေနဲ့ အဖေကိုအရမ်းချစ်တဲ့သမီးကို ခွဲထားတဲ့ ကြီးမားတဲ့အကုသိုလ်နော် ….” စသဖြင့် လူမှုကွန်ရက်ပေါ်ကနေတဆင့် ရေးသားစေသဖ်ာပြထားသလို သမီးငယ် ကို တွေ့ခွင့်မပြုတဲ့ ကိစ္စ အတွက်လည်း လူမှုကွန်ရက်ပေါ်မှာ ရေးသားမေးခွန်းထုတ်ထားတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီးလည်း အပြန်အလှန် မသင့်မြတ်ကြတဲ့ ဖြိုးကျော်ကျော်မြတ်တို့ ဇနီးမောင်နှံအတွက် အကြံလေးတွေပေးခဲ့ကြပါဦးနော်။

Source – Phyo Kyaw Kyaw Myat

Facebook Comments

admin

error: Content is protected !!