ပရိသတ်တွေ မျက်ရည်လည်ရင်း မချိတင်တဲဖြစ်ကြရတဲ့ ဗိုလ်ချုပ်မွေးနေ့ ဇာတ်လမ်းတို

ပရိသတ်ကြီးရေ ဒီကနေ့ ဟာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မင်္ဂလာဖြစ်ပါတယ်။ တိုင်းပြည်အတွက် လွတ်လပ်ရေးကို ရယူနိုင်အောင် ကြိုးစားသူတွေထဲ ထိပ်ဆုံးကနေ ပါဝင်ခဲ့တဲ့အတွက် ဗိုလ်ချုပ် ကို မြန်မာနိုင်ငံသားတိုင်း က အလေးအမြတ်ထားကြတာပါ ။ ဒီကနေ့မှာတော့ လူမှုကွန်ရက်ပေါ်က ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ဇာတ်လမ်းတိုလေးတစ်ပုဒ်ဟာ နာရီပိုင်းအတွင်းမှာ လူကြိုက်များလာနေပါတယ်။

ဇာတ်လမ်းတိုလေးထဲမှာ “လွတ်​လပ်​​ရေး အ​ကြောင်းစဉ်းစားရင်း​ ဖိနပ်​ကို ဘယ်​နဲ့ ညာ မှားစီး​နေတဲ့ ​ဗိုလ်​ချုပ်​၊​ငွေ​သော်​တာ ​ရောင်​ခြည်​တစ်​ပုဒ်​တည်းနဲ့ ကျန်​ရစ်​ခဲ့တဲ့ ​ဒေါ်ခင်​ကြည်​၊မနက်​ရုံးတက်​ခါနီး သားသမီး​တွေစားလို့ ပိုတဲ့ ထမင်းကြမ်းခဲ​လေးကို အားရပါးရစား​နေတဲ့ ဗိုလ်​ချုပ်​၊ရဲ​ဘော်​​တွေ စားတဲ့ ဆန်​ကြမ်းထမင်းနဲ့ ​စား​နေတဲ့ ဗိုလ်​ချုပ်​ တို့ ဇနီး​မောင်​နှံရဲ့ ထမင်းဝိုင်းနဲ့ ဗိုလ်​ချုပ်​ရဲ့အစ်​ကို ဦး​အောင်​သန်းတို့ ထပ်​တိုက်​​တွေ့”စတဲ့ ထင်ရှားတဲ့ အမှတ်တရလေးတွေကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗိုလ်ချုပ်ကို ချစ်သူတွေ ဇာတ်လမ်းကြည့်ရင်း မျက်ရည်မဆည်နိုင်လောက်အောင် မချိတင်ကဲဖြစ်ခဲ့ကြရပါတယ်။

ဇာတ်လမ်းလေးရဲ့ နာမည်က ” ဖြစ်​မှဖြစ်​ရ​လေ​အောင်​ဆန်း “ဖြစ်ပြီး ဇာတ်​လမ်း၊ဇာတ်​ညွှန်း ၊ဒါရိုက်​တာ = မင်းရသ ဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဒီဇာတ်လမ်းတိုလေးကိုကြည့်ပြီးဗိုလ်ချုပ်အတွက် အမှတ်တရစကားလေးတွေပြောပေးခဲ့ကြပါဦးနော်။

Video ကြည့်ရန်

Source – မင်းရသ

Facebook Comments

admin

error: Content is protected !!