ဝတ်မှုံရွှေရည်အတွက် ဖူးစာရှင် ရွေးပေးလိုက်တဲ့ မိုးစက်ဝိုင်

မိုးစက်ဝိုင်က သူငယ်ချင်းဖြစ်သူ ဝတ်မှုံရွှေရည်အတွက် လက်ဆောင်ပစ္စည်းတွေ ပို့ပေးရင်း ဖူးစာရှင်လေးပါ တစ်ခါတည်းရွေးပေးလိုက်တာပါ။ မိုးစက်ရွေးပေးတဲ့ ဖူးစာရှင်ကို ဝတ်မှုံရွှေရည်တစ်ယောက် သဘောကျပ့ါမလား။

အလှမယ် မိုးစက်ဝိုင်က သူရဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ Mozey အလှကုန်ပစ္စည်း လေးတွေကို ဝတ်မှုံရွှေရည်အတွက် လက်ဆောင် ပို့ပေးလိုက်တာပါ။ ဝတ်မှုံရွှေရည်အတွက် ပို့ပေးလိုက်တဲ့ လက်ဆောင်ပစ္စည်းလေးတွေထဲမှာ ဖူးစာရှင်ရဲ့ ပုံလေးပါ ထည့်ပေးလိုက်ပါတယ်။ ဖူးစာရှင်ရဲ့ ပုံလေးတွေ ထည့်ပေးထားတဲ့ အကြောင်းကို ဝတ်မှုံရွှေရည်က ယခုလို ပြောထားပါတယ်။

“သူငယ်ချင်း ဒေါ်မိုးစက် ပို့ပေးလိုက်တာ မိုးစက်ရဲ့ MOZEY by Moesetwine က Face Mask လေးတွေထွက်ထဲကသုံးဖြစ်တာ အခုလို product စုံစုံလင်လင်လေးတွေ ပို့ပေးတော့အကုန်သုံးချင်နေတာနဲ့အတော်ဖြစ်သွားတယ် ကိုရီးယားမင်းသားပုံတောင်ပါသေးတယ်” ဆိုပြီး ဖေဖော်ဝါရီ(၁၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားတာတွေ့ရပါတယ်။

ဝတ်မှုံရွှေရည်က မိုးစက်ဝိုင် ပို့ပေးလိုက်တဲ့ ကိုရီးယား မင်းသားပုံလေးကိုကြည့်ပြီး ပို့ချင်ရင် ပုံမပို့နဲ့လူအကောင်လိုက်သာပို့ပေးလိုက်တော့လို့ စနောက်ပြီး ပြန်ပြောထားပါသေးတယ်။ ရွှေကစ်လေးဟာ မကြာခင်နာမည်ကြီး ကိုရီးယားမင်းသားနဲ့အတူ ရုပ်ရှင်ရိုက်ကူးတော့မှာလဲဖြစ်ပါတယ်။ မိုးစက်ဝိုင်ပေးထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေကို ဖေ့စ်ဘွတ်မှာ တင်ထားသလို ပုံတစ်ပုံချင်းစီမှာ အမှတ်တရ စာလေးတွေ ရေးသားထားပါသေးတယ်။

မိုးစက်ဝိုင်နဲ့ ဝတ်မှုံရွှေရည်တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ဝတ်မှုံရွှေရည် ပါဝင်သရုပ်ဆောင်ထားတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကို အတူတူ သွားကြည့်ခဲ့ပါသေးတယ်။ အဲ့ဒီ ရုပ်ရှင်ကို ကြည့်ပြီး မိုးစက်ဝိုင်က သူငယ်ချင်းဖြစ်သူ ဝတ်မှုံရွှေရည်ရဲ့ သရုပ်ဆောင်ချက်တွေကို ချီးကျူးထားတာ တွေ့ရပါတယ်။

“မိုးစက်ကသရဲကားခရေဇီဆိုတော့ တော်ရုံဆိုရင် မကြိုက်ဘူး ဒီကားကတော့ တော်တော် ကောင်းတယ် . အဓိက ပရိသတ်ကိုမပျင်းအောင်ဆွဲခေါ်ရုံမကဘူး တစ်ကားလုံး စိတ်ဝင်စားစရာတွေချည်းပဲ ကစ်ကစ်, ကိုနိုင်း, ဒေါင်း အကုန် ပါးပါး လေးပဲ သရုပ်ဆောင်သွားတာ နာက်တခု အရမ်းကြိုက်တာရှိသေးတယ် , အလင်းအမှောင်ပေးတာအရမ်းကြိုက်တယ် . မိုးစက်ကနားလည်သူတဦးမဟုတ်ပါဘူး . ဒါပေမဲ့ အဲ့ကားက အရောင်ပေးတာတွေသဘာဝဆန်တယ်ထင်တယ် .

ရွှေကစ် ရဲ့ အကယ်ဒမီရှော့ကိုလည်း သွားကြည့်ရင်တွေ့ပါလိမ့်မယ်. ဆရာမကြီးလို့ပဲခေါ်ပါရစေ” လို့ မိုးစက်ဝိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၁၁) ရက်နေ့က ရေးထားတာဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ဟာ လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို “မြက်နု” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မိုးစက်ဝိုင်ကတော့ ပရဟိတအလုပ်တွေ လုပ်ကိုင်လျက်ရှိပါတယ်။ ထို့အပြင် လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ရင်း သူမရဲ့ ကိုယ်ပိုင် စီးပွားရေးတစ်ခုဖြစ်တဲ့ MoeZY အလှကုန်ပစ္စည်းထုတ်လုပ်ရေးမှာလည်း ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။

Source : Cele Yatkwat

Facebook Comments

admin

error: Content is protected !!