ဗိုလ်ချုပ်အတွက် မွေးနေ့အလှူလေးအဖြစ် အထိရောက်ဆုံး လှူဒါန်းကုသိုလ်လေးပြုပေးခဲ့တဲ့ မင်းသားချောလေး ဒေါင်း

ပရိသတ်ကြီးရေ.. သရုပ်ဆောင် မင်းသားချောလေးဒေါင်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တွေနဲ့အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်..။

ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ယောင်္ကျားပီသပြီးဆွဲဆောင်မှုရှိတဲ့ ဟန်ပန်တွေနဲ့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားပြီး သူ့ရဲ့ကျွမ်းကျင်ပိုင်နိုင်လွန်းတဲ့ သရုပ်ောဆင်မှုတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေတာလည်း ဖြစ်ပါတယ်..။

ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး လတ်တလောမှာရုံတင်ပြသနေတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကာရိုက်တာနှစ်မျိုးနဲ့ သူ့ရဲ့ပီပြင်လွန်းတဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ချီးကျူးစကားလေးတွေနဲ့ အားပေးမှုတွေကိုလည်း ထပ်မံရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချောလေးဒေါင်းကတော့ ဒီကနေ့မှာကျရောက်လာတဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက်(၁၀၄)နှစ်ပြည့် မွေးနေ့လေးအတွက် ရည်စူးကုသိုလ်လေးတွေ ပြုလုပ်လှူဒါန်းခဲ့တာ တွေ့ရပါတယ်..။

ဗိုလ်ချုပ်အတွက် အထိရောက်ဆုံးမွေးနေ့အလှူလေးအဖြစ် ရန်ကုန်မြို့ကလေးဆေးရုံကြီးမှာ လူအယောက်(၅၀၀)စာ အာဟာရဒါနအဖြစ် ထမင်း၊ ကြက်စသားဆီပြန်ဟင်း၊ ငါးဗူးသီး၊ ဂျူးမြတ်ချဉ်ဟင်းနဲ့ ငပိရည်တို့စရာတို့ကို ရည်စူးလှူဒါန်းကုသိုလ်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်..။

နိုင်ငံတော်ရဲ့ ဖခင်ဗိုလ်ချုပ်အတွက် မင်းသားချောလေး ဒေါင်းရဲ့မွေးနေ့ရည်စူး ကုသိုလ်အလှူလေးကိုလည်း ပရိသတ်တွေကလည်း ကြည်နူးပီတိဖြစ်စွာ ဝမ်းသာအားရသာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောပေးထားကြတာ တွေ့ရပါတယ်..။

Photo – We Love Daung၊ Khin Nang Satt

Facebook Comments

admin

error: Content is protected !!