အိမ်ထောင်ရေးပြိုကွဲခြင်းနောက်ကွယ်က ရင်နာစရာတွေ အထုပ်ဖြေပြလိုက်တဲ့ မျိုးစန္ဒီကျော်

“ယောက်ျားဖြစ်ပြီးယောက်ျားစကားမပြောဘူး နင့်ကိုစယူတည်းကအလုပ်မလုပ်လို့နင့်ကိုရှာကျွေးရတဲ့အပြင်နင့်တမိသားစုလုံးကိုပါငါရှာကျွေးခဲ့ရတာဘယ်နှစ်နှစ်လဲ ” ဆိုပြီး ပေါက်ကွဲလိုက်သူက ပရိသတ်ကြီးအချစ်တော်မင်းသမီးလေး မျိုးစန္ဒီကျော်ပါ ။ ဂျိုးဂျိုး ကတော့ သူ့ရဲ့ ခံစားချက်တွေကို လူမှုကွန်ရက်ပေါ်ကနေ အခုလိုပြောပြလာခဲ့ပါတယ်။

ဂျိုးဂျိုး က “ငါ့အမေအိမ်ကဆင်းလာတော့ကားတစီးနဲ့စိန်တဆင်စာပါတယ် ၊နင်တို့တစ်အိမ်လုံးစားသောက်နေထိုင်လို့ရအောင်ငါရောင်းပေးခဲ့ရတယ်၊ သမီးကိုငါသီချင်းဆိုလို့ရတဲ့ပိုက်ဆံနဲ့ငါမွေးခဲ့တာ အေးအခုလည်းငါ့ချွေးနည်းစာနဲ့ရှာထားတဲ့နောက်ထပ်ကားတစီးကိုလည်းနင်အပိုင်စီးပြီးယူထားတယ် အခုသမီးရဲ့ကျောင်းစားရိတ် စားသောက်နေထိုင်မှုစားရိတ်တွေနင်ဘာတပြားပေးတာရှိလဲ ငါ့ပိုက်ဆံနဲ့ငါ့သမီးကိုအကောင်းဆုံးထားခဲ့တာ ထားထားတာ အေး နင်ရှက်တတ်ရင်လဲသေလို့ရတယ် နင်တစ်ယောက်တည်းမဟုတ်ဘူး နင်တို့တမိသားစုလုံး ငါ့ထမိန်နားခိုစားခဲ့တာ withoutေ-ာက်ရှက်
သူ့ပို့စ်အောက်မှာဝင်မန့်နေတဲ့တချို့သူတွေ အကြောင်းရင်းသေချာသိလို့လား အတ္တကြီးတဲ့သူကငါလား နင်တို့ထောက်ခံနေတဲ့အကောင်လားသေချာသိအောင်လုပ် အဲ့လောက်ထောက်ခံနေရင်အဲ့ကောင်ကိုတလလောက်ယူကြည့်လိုက် ငါ့လိုသူ့မိသားစုနဲ့သူ့ကိုသည်းခံနိုင်မလားစောင့်ကြည့်မယ်
PS အကောင့်ထဲကလူကြီးတွေနဲ့ဖရန့်တွေကိုတော့အားနာပါတယ်” လို့ ရေးသားထားတာကိုတွေ့ရပါတယ် ။

ပရိသတ်ကြီးလည်း ခံစားနေရတဲ့ ဂျိုးဂျိုး အတွက် မှတ်ချက်ကနေ အားပေးခဲ့ကြပါနော်။

Source – Myo Sandy Kyaw

Facebook Comments

admin

error: Content is protected !!