မွေးရပ်မြေနဲ့ ဝေးနေသူတွေရဲ့ရင်ကိုထိစေခဲ့တဲ့ သာဒီးလူရဲ့”မွေးရပ်ပြန်မယ်” သီချင်း

ထိမိတဲ့သီချင်းစာသားတွေနဲ့ အမိုက်စားသီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော်ကြီး သာဒီးလူကတော့ လူငယ်ပရိသတ်တွေရဲ့ကြားမှာ တော်တော်လေး နာမည်ကြီးနေတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အဆိုတော် သာဒီးလူက မွေးရပ်မြေကိုခွဲပြီး တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်နေရသူတွေအတွက် ခံစားသီဆိုထားတဲ့ “မွေးရပ်ပြန်မယ်” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို အမိုက်စားသီဆိုထားတာတွေ့ရပြီး ခံစားချက်တူတဲ့သူတွေက တော်တော်လေး သဘောကျနေကြတာ တွေ့ရပါတယ်။ တကယ်လည်း သေချာနားထောင်ကြည့်ရင် ရင်ထဲထိသွားစေနိုင်တဲ့ သာဒီးလူရဲ့သီချင်းလေးက မွေးရပ်မြေကို လွမ်းဆွတ်စိတ်တွေ ပိုးတိုးလာစေပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် မွေးရပ်မြေကို ခွဲပြီး အလုပ်လုပ်နေကြရသူတွေကို အားတက်စေမယ့် သာဒီးလူရဲ့ “မွေးရပ်ပြန်မယ်” ဆိုတဲ့ သီချင်းဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် သာဒီးလူကတော့ “မွေးရပ်ပြန်မယ်”သီချင်းလေးကို ပတ္တမြား FM ရဲ့အစီအစဉ်တစ်ခုမှာ ဖျော်ဖြေတင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။

မွေးရပ်မြေကို သတိရသွားစေမယ့် သာဒီးလူရဲ့”မွေးရပ်ပြန်မယ်” သီချင်းဗီဒီယို

တေးရေးဆရာ ကိုစစ်သူရေးသားပြီးတော့ အဆိုတော် သာဒီးလူသီဆိုထားတဲ့ “မွေးရပ်ပြန်မယ်” သီချင်းလေးကတော့ မွေးရပ်မြေနဲ့ ဝေးနေသူတွေအဖို့ အရမ်းကို ခံစားလို့ကောင်းမယ့် သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သာဒီးလူကတော့ လတ်တလောမှာ ပရိသတ်တွေအတွက် အမိုက်စားသီချင်းတွေ ဖန်တီးဖြစ်နေပြီး၊ ရှိုးပွဲတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း သာဒီးလူရဲ့ “မွေးရပ်ပြန်မယ်” သီချင်းလေးကို သဘောကျတယ်ဆိုရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source : momolay

Facebook Comments

admin

error: Content is protected !!