အမေစုပြောပြတဲ့ ဗိုလ်ချုပ်ရဲ့ မပြည့်သွားတဲ့ဆန္ဒလေးတစ်ခုကို ဗိုလ်ချုပ်မွေးနေ့မှာ ပြောပြလာတဲ့ လင်းလင်း

Rock သီချင်းအမိုက်စားတွေနဲ့ ပရိသတ်တွေအားပေးလက်ခံမှုရရှိလာခဲ့တဲ့ အဆိုတော်လင်းလင်းဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း တချိန်က အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ခဲ့သူပါ။ အမြွှာသမီးလေး (၂) ယောက်ရဲ့ ဖခင်ဖြစ်နေပြီဖြစ်တဲ့ လင်းလင်းဟာ မိသားစုတာဝန်တွေကိုလည်း ထမ်းဆောင်ရင်း လေးစားမြတ်နိုးရတဲ့ အမေစုဆီကိုလည်း အချိန်ရရင် ရသလို သွားရောက် ကန်တော့ခဲ့တာတွေ့ရပါတယ်။

လင်းလင်းကတော့ ယနေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့လေးမှာ ဗိုလ်ချုပ်သမီးဖြစ်သူ အမေစုပြောပြဖူးတဲ့ ဗိုလ်ချုပ်ရဲ့ ဆန္ဒလေးကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ်။ လင်းလင်းပြောပြတဲ့ဗိုလ်ချုပ်ဆန္ဒလေးဟာ ဘယ်စာအုပ်၊ သင်ခန်းစာတွေထဲမှာမှ မပါဖူးခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ဆန္ဒလေးတစ်ခုဖြစ်ပြီးတော့ ဖတ်မိသူတွေအားလုံးဝမ်းနည်းမျက်ရည်လည်ခဲ့ရပါတယ်။

“ Happy birthday ပါ အဖ “Happy birthday ပါ အဖစာ အရသာ ပြောရတာပျော်စရာမကောင်းပါဘူး အဖရာ :(((ပြန်ကြားရေးဝန်ကြီးဌါနကိုလဲ ပြက္ခဒိန်အသစ်လဲပေးရဦးမယ် အဖ သူတို့ပြက္ခဒိန်က ၂၀၁၁ ထိဘဲပါတယ် အဖကောသလမင်းကြီးကိုလဲ အရမ်းစိတ်ဆိုးတယ်အဖ သူ အဲဒီအိပ်မက် ၁၆ ချက် မမက်သင့်ဘူး,, တကယ်မက်ခဲ့ရင်လဲ အဲဒီအိပ်မက်တွေကို ပါးစပ်ဖွာပြီး ပြောစရာလား အဖရာ ခုတော့လူတွေက သမိုင်းမှားမှာစိုးလို့ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်နေကြတယ်,, ဒါနဲ့ သမိုင်းတွေလဲ လမိုင်းမကပ်တာကြာပြီအဖရာ ဒီအတိုင်းဆို ည ဆိုင်းပါတိုးပြီး အချိန်ပိုဆင်းရမယ်ထင်တယ် အဖ နိုင်ငံရဲ့ ဝဋ်နာကံနာ ကို ကိုယ့်ရဲ့ ဝဋ်နာကံနာ လို သဘောထားတဲ့ အဖ ရဲ့ သွေးတွေကလေ ယခုလက်ရှိ အဖ ရဲ့ သမီးထိ လည်ပတ်တုန်းအဖရေ ကျေးဇူးဆိုတာကို ပါးစပ်နဲ့တင် မဟုတ်ဘဲ လက်အုပ်ချီပြီးကို တင်ပါရစေ”

အဖ ဘိလပ်ရောက်နေတုန်း မြန်မာပြည်မှာ သပ်လျှို ခြေထိုး တာဝန်ယူရတဲ့ မစ္စတာစတီဗင်ဆင်ရဲ့ လုပ်ငန်းတွေ အောင်မြင်နေတုန်းလို့ ပြောရမယ်အဖရေ ခုထိ တောင်ပေါ်နဲ့ မြေပြန့် လေတိုက်နှုန်း နေပူနှုန်းတွေ မတူဘူးအဖ ဗစ်စစ်မြန်မာရီးယား ဖိုးဝရုပ်တွေကိုင်ထားတဲ့ အဘ တချို့လဲ ခုထိမလိမ္မာသေးဘူး အဖ ရာ သားလဲ သိပ်စိတ်ညစ်တာဘဲ ဘာပြောရမှန်းကို မသိတော့ဘူး အမ အမ ဆိုပြီး ထ,ထ က, တယ်မိတ်ကပ်တွေက အဖွေးသားနဲ့ဘယ်သမိုင်းစာအုပ် ဘယ်မှတ်တမ်းမှာမှ မပါတဲ့ အဖ ရဲ့ ဆန္ဒလေးတစ်ခုကို အဖ ရဲ့ သမီးဆီကနေ သားကြားခဲ့ရတယ် နဲနဲတောင်ကြာပြီ သားအခု အဲဒီ အဖရဲ့ ဆန္ဒလေးကို အဖ မွေးရက်မှာ လူတိုင်းသိအောင် ပြောပြပါရစေနော်,,

“” ညနေ နေဝင်ခါနီးဖြစ်ရမယ် တဲ့ ,,,,,အင်းယားကန်ထဲမှာ ဖြစ်ရမယ် တဲ့ ,,,,,,ဘဝလက်တွဲဖော် သူနာပြုဆရာမလေးနဲ့ ,,,,နှစ်ယောက်ထဲ လှေကလေး လှော်နေချင်တယ် တဲ့ ,,ပြီးတော့ လှေကလေးကလဲ ,,,,,အပြာရောင်လှေကလေးဖြစ်ရမယ် တဲ့ ,,,, “”ဪ ,,,,,နိုင်ငံအတွက် အမြဲတမ်းမှန်ကန် ပြတ်သား ကြမ်းတမ်း မာထန် နေရတဲ့ အဖ ရဲ့ အတွင်းနှလုံးသားထဲက ချစ်စရာ အနုပညာဆန်းလွန်းတဲ့ ဆန္ဒ လေးတစ်ခု အဖ ရဲ့ ဆန္ဒမပြည့်ဝသွားဘူးနော် အဖ အဖ ရဲ့ သမီး ဆီကနေ အဲဒီ အကြောင်းအရာလေး ကြားရတဲ့နေ့ရွေးကောက်ပွဲကြီးပြီးလို့ အဖ ရဲ့ သမီးကို ကန်တော့နှုတ်ဆက်ပြီး သား ကိုယ့်အိမ်ကိုယ် ပြန်တဲ့နေ့ အဖော်မပါ နေပြည်တော်အမြန်လမ်းမှာ တစ်ယောက်ထဲ ကားမောင်းရင်း မျက်ရည်တွေ ကျဘူးပါတယ် အဖ,,Happy birthday ပါ အဖစာ အရသာ ပြောရတာ ပျော်စရာမကောင်းပါဘူး အဖရာ :(((

မြန်မာပြည်ကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပါစေ,, အစိုးရ ၊ တပ်မတော် ၊ ပြည်သူတိုင်းရင်းသား ၊တောင်ပေါ်မြေပြန့် အားလုံးရဲ့ ကြားထဲမှာအလံအရောင်တွေနဲ့ အိင်္ကျီတွေဘဲ ကွဲပြီး စိတ်တူကိုယ်တူ အနာဂတ်တူပြီး ရည်မှန်းချက်တွေတူကြပါစေ,,,,,,အဖ ရဲ့ သမီးလဲ သူ့အိပ်မက်တွေ အမြန်ဆုံးပြည့်ဝပြီး အမြန်အနားယူနိုင်ပါစေ,,,Happy birthday ပါ အဖ စာ အရသာ ပြောရတာပျော်စရာမကောင်းပါဘူး အဖရာ :(((” လို့ သူ့ရဲ့လူမှုကွန်ယက်အကောင့်ကနေပြီးတော့ ဗိုလ်ချုပ်ရဲ့မွေးနေ့လေးကို ဂုဏ်ပြုရေးသားထားခဲ့တာဖြစ်ပါတယ်။

လင်းလင်းမျှဝေလိုက်တဲ့ ဗိုလ်ချုပ်ရဲ့ ဆန္ဒလေးကြောင့် ဖတ်မိသူတွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်ရဲ့ ဆန္ဒလေးကတော့ မပြည့်ဝသွားခဲ့ပါဘူး။We Love Cele

Photos-Lynn Lynn

Facebook Comments

admin

error: Content is protected !!