ငယ်ဘဝရဲ့ လှုပ်ရှားမှုမှန်သမျှကို လွမ်းဆွတ်တမ်းတရင်း ပြန်လည်တူးဆွလိုက်တဲ့ နန္ဒာလှိုင်ရဲ့ ငယ်ဘဝပုံရိပ်

ပရိတ်သတ်ကြီးရေ တစ်ခေတ်တစ်ခါမှာ အရမ်းချောအရမ်းလှခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ နန္ဒာလှိုင်ကတော့ တစ်ခေတ်ရဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ကြော်ငြာအများအပြားမှာ နေရာယူခဲ့တဲ့ မင်းသမီးတစ်လက်ပါနော်။ခန္ဓာကိုယ်လှလှနဲ့ပြေပြစ်ကျော့ရှင်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားလို့ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အနုပညာတစ်ယောက်ဖြစ်ပါတယ်။နန္ဒာလှိုင်က ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူမပါဝင်ထားတဲ့ဇာတ်ကားတွေဟာဆိုရင်လည်း လူကြိုက်များခဲ့ပါတယ်။

နန္ဒာလှိုင်က အနုပညာရှင်သမားပီပီ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာဖြစ်လို့ အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ပရိတ်သတ်တွေရဲ့ အချစ်ကိုခံယူထားတဲ့ မင်းသမီးချောလေး နန္ဒာလှိုင်က အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားခဲ့ကာ မိသားစုအတွက်သာ လုံလုံလောက်လောက် အချိန်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင် ချစ်စရာသမီးလေးသုံးယောက်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်လို့ ပျော်ရွှင်စရာမိသားစုလေးပါနော်။

အခုဆိုရင် နန္ဒာလှိုင်က အသက်အရွယ်တစ်ခုကို ရောက်ရှိလာခဲ့ပေမယ့်လည်း ငယ်တုန်းကလိုပဲ လှနေဆဲ ချောနေဆဲဖြစ်ပါတယ်။ယခုချိန်ထိလည်း ပရိတ်သတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်က သူမရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို လွမ်းဆွတ်တမ်းတရင်း ကြော်ငြာရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပြီး ပရိတ်သတ်တွေကို သူမရဲ့အတိတ်လေးတွေကို တူးဆွလိုက်ပါတယ်နော်။

Source:Nandar Hlaing

Facebook Comments

admin

error: Content is protected !!