ချစ်​သူများ​နေ့အတွက်​ မိန်းမကို Surprise အကြီးကြီး လုပ်​လိုက်​တဲ့ သားညီ

လွန်​ခဲ့တဲ့ နှစ်​​တွေက သရုပ်​​ဆောင်​အလုပ်နဲ့ ပရိသတ်​​တွေရင်​ထဲမှာ ​နေရာယူထားနိုင်​တဲ့ သရုပ်​​ဆောင်​ သားညီက​တော့ လက်​ရှိမှာ ဒါရိုက်​တာတစ်​ဦးအ​နေနဲ့ ပရိသတ်​အတွက်​ အ​ကောင်းဆုံးကြိုးစား​နေတာပါ။ ချစ်​ရတဲ့မိန်းမနဲ့ ချစ်​စရာ​ကောင်းတဲ့ သား​လေးကို ပိုင်​ဆိုင်​ထားတဲ့ သားညီက​တော့ သာယာ​ပျော်​ရွှင်​တဲ့ မိသားစုတစ်​ခုကို ဖန်​တီးပုံ​ဖော်​ထားတာပါ။ လတ်​တ​လောမှာ​တော့ သားညီက မနက်​ဖြစ်​ကျ​ရောက်​မယ့်​ ချစ်​သူများ​နေ့အတွက်​ ချစ်​ဇနီး​လေးကို Surprise အကြီးကြီး လုပ်​ခဲ့တာ ​တွေ့ရပါတယ်​။ ချစ်​တတ်​လွန်းတဲ့ ခင်​ပွန်းကို ပိုင်​ဆိုင်​ထားတဲ့ သားညီရဲ့ဇနီး​လေးက​တော့ ​တော်​​တော်​​လေးကို ကံ​ကောင်းပါတယ်​​နော်​။

ချစ်​ပရိသတ်​​တွေ​အတွက်​ အိမ်​​ထောင်​သက်​​တွေ ဘယ်​​လောက်​ကြာကြာ Ro ​နေဆဲဖြစ်​တဲ့ သားညီရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

သားညီက​တော့ “ကျွန်တော်တို့ မချမ်းသာပါဘူး …ဒါပေမယ့် ကိုယ့်လုပ်အားနဲ့ကိုယ် ရှာတဲ့ပိုက်ဆံကိုတော့ တန်ဖိုးထားပါတယ် …အသက်ကြီးလာတော့ စိတ်ကူးယဉ်မဆန်တော့ဘူး …လက်တွေ့ပိုဆန်လာတယ် …ရို တာမပေးတော့ဘူးလို တာပဲပေးတော့မယ် …ချစ်သူများနေ့အတွက် လက်ဆောင်ပါ မိန်းမရေ ။” ဆိုပြီး အချစ်​စာ​စောင်​​လေးကို ​ရေးသားထားပါ​သေးတယ်​။

ချစ်​စရာ​ကောင်းတဲ့ မိသားစု​လေး

သားညီက​တော့ လတ်​တ​လောမှာ အမိုက်​စား ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေကို ကိုယ်​တိုင်​ဖန်​တီးပုံ​ဖော်​​နေပြီး ဇာတ်​လမ်းတွဲ​တွေလည်း ရိုက်​ကူးဖြစ်​​နေတယ်​လို့ သိရပါတယ်​။ သားညီတို့ ဇနီး​မောင်​နှံက​တော့ အခုဆိုရင်​ အိမ်​​ထောင်​သက်​တမ်း ၁၂ နှစ်​​ကျော်​သွားပြီပဲ ဖြစ်​ပါတယ်​။ ချစ်​ပရိသတ်​​တွေ​လည်း အရမ်းကို Ro လွန်းပြီး ချစ်​စရာ​ကောင်းတဲ့ သားညီတို့ဇနီး​မောင်​နှံ​လေးကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Thar Nyi’s facebook

Facebook Comments

admin

error: Content is protected !!