Valentine Day လေးမှာ ကြည်နူးစရာရိုမန်တစ်ပုံလေးတွေနဲ့ အပြတ်အသတ်ရိုပြလိုက်တဲ့ ရွှေရွှေစုံတွဲ

ရွှေရွှေစုံတွဲလို့ ပရိသတ်တွေအားလုံး ချစ်စနိုးနဲ့ခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင် ရွှေထူးနဲ့ မင်းသမီးချောလေးရွှေမှုံရတီတို့ စုံတွဲလေးကတော့ ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို အမြဲအားကျစေတဲ့ ဇနီးမောင်နှံစုံတွဲလေးပါပဲ..။

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီး လိုက်ဖက်လွန်းတဲ့ သူတို့စုံတွဲလေးကတော့ အနုပညာလောကမှာလည်း ပရိသတ်ကိုယ်စီနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြသလို သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာမို့လည်း ပရိသတ်တွေက အားကျချစ်ခင်နေကြရတာပဲ ဖြစ်ပါတယ်..။

ပရိသတ်ကြီးရဲ့ အမြဲရိုနိုင်လွန်းတဲ့ အချစ်တော်သူတို့စုံတွဲလေးကတော့ ဒီနေ့လို ချစ်သူများနေ့လေးမှာလည်း ကြည်နူးစရာကောင်းတဲ့ ရိုမန်တစ်ဆန်ဆန်လေး အပန်းဖြေနေကြတဲ့ စုံတွဲပုံလေးတွေနဲ့အတူ ချစ်သူများနေ့လေးကို ဖြတ်သန်းနေပါတယ်နော်..။

ရွှေရွှေစုံတွဲလေးကတော့ လတ်တလောမှာ အင်တိုနီးရှားနိုင်ငံ ဘာလီကျွန်းကို အပန်းဖြေခရီးလေး ရောက်ရှိနေကြတာဖြစ်ပြီး နှစ်ယောက်တည်းကြည်ကြည်နူးနူးအပန်းဖြေ ဓာတ်ဖမ်းခဲ့တဲ့ ရိုမန်တစ်ပုံရိပ်လေးတွေကိုလည်း ရွှေမှုံလေးက ပရိသတ်တွေကို မျှဝေထားပါသေးတယ်..။

“Happy Valentine Day..” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ V Day နေ့လေးမှာ အမှတ်တရဓာတ်ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းတဲ့ ရွှေရွှေစုံတွဲလေးကြည်နူးပျော်ရွှင်စရာ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်တာမို့ အသည်းလေးတွေ ပေးသွားဖို့ မမေ့နဲ့ဦးနော်..။

Photo – ရွှေမှုံရတီ

Facebook Comments

admin

error: Content is protected !!