လင်းလင်းပေးတဲ့ Valentine Day လက်ဆောင်လေးကြောင့် မျက်ရည်ကျခဲ့ရတဲ့ ချစ်သုဝေ

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ ချစ်သုဝေနဲ့ လင်းလင်းက ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက ချစ်စရာကောင်းတဲ့ သမီးလေး နှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ကို ပြုစုပျိုးထောင်ရင်း ပျော်ရွှင်တဲ့ အချိန်လေးတွေကို အတူတူ ဖြတ်သန်းနေကြတာဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ဦးစလုံးက အနုပညာရှင်တွေဖြစ်ပြီး မအားလပ်ကြပေမယ့် တစ်ယောက်ကိုတစ်ယောက် အချိန်ပေး ဂရုစိုက်ကြပါတယ်။

ဒီနှစ် ဗယ်လင်တိုင်းဒေးမှာတော့ လင်းလင်းက ကလေးနှစ်ယောက်နဲ့ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတဲ့ ဇနီးချောလေး ချစ်သုဝေကို ထူးထူးခြားခြား လက်ဆောင်လေး ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ပရီမီယာကော်ဖီနဲ့ ပူးပေါင်းပြီး ပရီမီယာကော်ဖီအထုတ်တွေထဲမှာ ချစ်သုဝေအတွက် ချစ်သဝဏ်လွှာလေးတွေကို ထည့်ပေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေကလဲ လင်းလင်းပေးထားတဲ့ ချစ်သုဝေအတွက် ချစ်သဝဏ်လွှာလေး တစ်စိတ်တစ်ပိုင်းစီကို ကူညီရှာဖွေပေးရင်း စာတစ်စောင်ဖြစ်အောင် စုစည်းပေးခဲ့ကြပါတယ်။ ဒီနေ့ ဗယ်လင်တိုင်းဒေးမှာတော့ ချစ်သုဝေတစ်ယောက် လင်းလင်းပေးထားတဲ့ ချစ်သဝဏ်လွှာလေးကို ဖတ်ကြည့်ရင်း မျက်ရည်တောင်ကျခဲ့ရပါတယ်။

လင်းလင်းပေးတဲ့ ချစ်သုဝေအတွက် ချစ်သဝဏ်လွှာလေးမှာ ဘာတွေရေးထားမလဲ အတူတူကြည့်ရအောင်နော်

လင်းလင်းတို့ကတော့ မိန်းမကို ချစ်တာများ အားကျစရာကြီးနော်။ ချစ်သုဝေကလဲ တော်တော်လေး ပျော်နေတဲ့ပုံပါပဲ။ ချစ်သုဝေရဲ့ “ကတိ” Album လေးကလဲ ဒီနေ့ ချစ်သူများနေ့မှာ ထွက်မှာမို့ အားပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

SOURCE : momolay

Facebook Comments

admin

error: Content is protected !!