ချစ်သူများနေ့မှာ ကမ္ဘာကျော်အချစ်ပုံပြင်တွေနဲ့နှိုင်းပြီး ဇနီးချောလေးကို ချစ်စကားဆိုခဲ့တဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း

ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိခဲ့တဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ လက်ရှိမှာ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ် သမီးလေးတွေရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့ ချစ်သူများနေ့လေးမှာတော့ နန္ဒာလှိုင်က သူမကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းတဲ့ ခင်ပွန်းရဲ့ချစ်စကာလေးတစ်ခွန်းကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတာပါ။ ကမ္ဘာကျော် အချစ်ပုံပြင်တွေထဲကထက် အဆပေါင်းများစွာသာတဲ့ အချစ်မျိုးနဲ့ တစ်သက်လုံးချစ်သွားမယ်ဆိုတဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်းကတော့ တော်တော်လေး ချစ်တတ်လွန်းသူပါပဲနော်။

ချစ်ပရိသတ်တွေအတွက် နှစ်တွေ ဘယ်လောက်ကြာကြာ ချစ်ဇနီးလေးကို အချစ်တွေပိုပိုတိုးလာတဲ့ ခင်ပွန်းကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ နန္ဒာလှိုင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နန္ဒာလှိုင်ရဲ့ခင်ပွန်းဖြစ်သူ ကိုဇေသီဟကတော့ “စင်ဒရယ်လားကို ဘယ်လောက်ချစ်တယ်ပြောပြော..မျက်နှာမမှတ်မိတဲ့ မင်းသားလိုမျိုးထက်…..မယ်သီတာကို ယူထားပေမဲ့ အေးစက်လွန်းတဲ့ ရာမ အချစ်လိုမျိုးထက်……ကိုယ့်ချစ်သူပါ လိုက်သေခွင့်ပေးလိုက်တဲ့ ရိုမီယိုရဲ့ အချစ်လိုမျိုးထက်…..ဂျပန်တော်ဝင်မင်းသမီး Ayakoကို နန်းတော်က ထွက်ခိုင်းပြီး လက်ထပ်ယူခဲ့သလိုမျိုးထက်….ဗယ်လယ်တိုင်းဒေးရှိမှ ချစ်ပြတတ်ကြတဲ့ တခြားချစ်သူလိုမျိုးတွေထက် ……အဆပေါင်းများစွာသာတဲ့ အချစ်နဲ့ တစ်သက်လုံးချစ်သွားမှာပါ။” ဆိုပြီး ကြည်နူးစရာကောင်းတဲ့ အချစ်စကားလေးကို ချစ်ဇနီးလေးကို ပြောထားတာပါ။

နန္ဒာလှိုင်ကတော့ ခင်ပွန်းရဲ့စာကိုကြည့်ပြီး “အလဲ့ တယ်စာတဲ့ဆိုပါလား😍” ဆိုပြီး ကြည်နူးစွာ ပြန်ရေးသားထားပါသေးတယ်။

ကိုဇေသီဟနဲ့ နန္ဒာလှိုင်တို့ မိသားစုကတော့ အလှူအတန်းဆို လက်မနှေးသူတွေမို့ အလှူအတန်းတွေလည်း မကြာခဏလုပ်လေ့ရှိပါတယ်။

ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့တာ နှစ်ပေါင်းကြာနေပြီဆိုပေမယ့်လည်း သူမရဲ့အကြောင်းကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့ ရှိနေကြဆဲပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို သမီးလေးတွေရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတဲ့ မေမေနန္ဒာလှိုင်ကတော့ သမီးလေးတွေကိုလည်း အရမ်းချစ်တာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အိမ်ထောင်သက်တမ်း ဘယ်လောက်ကြာကြာ ချစ်ဇနီးလေးကို ကြင်ကြင်နာနာနဲ့ ချစ်တတ်လွန်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းသူလေး နန္ဒာလှိုင်ကိုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Zay Thiha’s Facebook

Facebook Comments

admin

error: Content is protected !!