ရွှေမင်းသမီးလေးကို ချစ်လွန်းလို့ တန်ဖိုးထားပြီး အရယူခဲ့တဲ့ ဇာတ်လမ်းလေးအကြောင်း ပြောပြခဲ့တဲ့ စမိုင်းလ်ရဲ့ခင်ပွန်း

လွန်ခဲ့တဲ့ နှစ်တွေက ချစ်စရာကောင်းတဲ့ အသွင်အပြင်လေးနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ မင်းသမီးချောလေး စမိုင်းလ်ကတော့ လတ်တလောမှာ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ချစ်တတ်လွန်းတဲ့ စမိုင်းလ်ရဲ့ခင်ပွန်းက ချစ်ဇနီးလေးကို မင်းသမီးဘဝကတည်းက အရမ်းချစ်မိပြီး အရယူခဲ့တဲ့ သူ့ရဲ့ဇာတ်လမ်းကို ချစ်သူသက်တမ်း နှစ် ၂၀ ပြည့်လေးမှာ ထုတ်ပြောခဲ့တာ တွေ့ရပါတယ်။ စမိုင်းလ်ရဲ့ခင်ပွန်းပြောပြထားတဲ့ ဇာတ်လမ်းလေးကတော့ ရုပ်ရှင်တွေထဲကထက်တောင် Ro လွန်းတာမို့ ပရိသတ်တွေအားလုံးက သဘောကျနေကြတာပါ။

ချစ်ပရိသတ်တွေအတွက် ချစ်သူသက်တမ်း နှစ် ၂၀ ပြည့်လေးမှာ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကို ပြန်အစဖော်ခဲ့တဲ့ စမိုင်းလ်ရဲ့ခင်ပွန်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ်ကတော့ “နေကြာပန်းဇတ်လမ်းလေးတောင်နှစ်၂ဝပြည့်ပြီ။ သူနဲ့ကိုနဲ့ချစ်သူဖြစ်တာဒီနှစ် Valentine’s Day မှာနှစ် ၂ဝပြည့်ပြီ။ ကို့အတွက်တော့သူ့ကိုချစ်တာ ၂၁နှစ်ရှိပြီ။ TV လုံးဝမကြည့်တဲ့ကျွန်တော် အမှတ်မထင်ပဲသူများကြည့်နေတဲ့ TV ကြော်ညာမှာဘယ်သူနဲ့မှမတူတဲ့ဆွဲဆောင်မှုရှိတဲ့စော်လေးကိုတွေ့ပြီး Love at first sight ကိုခံစားလိုက်ရတယ်။ သူ့နံမယ်ဘယ်လိုခေါ်လဲ ဘယ်ကလဲအရန်းသိချင်သွားတယ်။ အဲဒီနေ့ကစပြီး TV ကြော်ညာလာတဲ့အချိန် ထိုင်ဆောင့်ပြီး TV ကြည့်တယ်။ အားမရတော့အခွေကူးပြီးတနေကုန်ပြန်ပြန်ရစ်ပြီးကြည့်တယ်။ သူမျက်မှန်လှုပ်တဲ့ကြော်ညာလေးပေါ့။ တော်တော်ကြာကြာထိသူ့နံမယ်ကိုမသိသေးဘူး။ ဘယ်သူ့ကိုမှလဲမမေးရဲဘူး။ တနေ့ကြတော့ဂျာနယ်အဖုံးမှာတွေ့တော့ Smile တဲ့။ ဒါနံမယ်တော့မဖြစ်နိုင်ဘူးစိုပြီးရီမိတယ်။ အဲဒီမှာစပြီးတခါမှမသွားဘူးတဲ့ fashion show တွေသွားကြည့်တယ်။ သူစင်ပေါ်တက်လာရင်နှစ်လုံးခုံတာတောင်ရပ်သွားသလိုပဲ။

သူပွဲပြီးလို့ပြန်ရင်သူနားသွားပြီးငေးငေးကြည့်တယ်။ ဘေးနားကသူဖြတ်သွားရင်ကျွန်တော်ကြောက်ရုပ်လိုဖြစ်သွားတယ်။ တယောက်ထဲကြိတ်ချစ်ပြီးနှုတ်တောင်မဆက်ရဲဖြစ်နေတာ။ တစ်ယောက်ထဲကြိတ်ကြိုက်တာ ၆လလောက်နေတော့သူငယ်ချင်းတယောက်ကသူနဲ့ smile နဲ့ခင်တယ်မိတ်ဆက်ပေးမယ်တဲ့။ ကျွန်တော်အပြင်မှာမတွေ့ရဲတော့ဖုန်းပေါ်မှာမိတ်ဆက်ပေးတယ်။ ၁ပတ်လောက်ကသူ့ကိုဖုန်းဆက်ပြီးမပြောရဲတော့ Hello က်ုနားထောင်ပြီးဖုန်းချချပလိုက်တယ်။ နောက်ပိုင်းဖုန်းနဲနဲစပြောဖြစ်တယ်။ ၃လလောက်နေတော့ အကျင့်မကောင်းတဲ့သူငယ်ချင်းတွေကဝိုင်းဟားကြတယ်။ ကျွန်တော် ၃လလောက်ဖုန်းပြောခဲ့တဲ့တယောက်ဟာ smile မဟုတ်ပါ။ တော်တော်ခံရခက်ပါတယ်။ ၃လလောက်အချိန်တွေအလကားကုန်ခဲ့တယ်။

တနေ့ကံကောင်းတယ်လို့တော့လဲမပြောချင်ဘူး၊ သူ့အဖိုးဆုံးရော။ အမေကသတင်းစာကြီးကိုင်ပြီးပြောတယ် ‘သားကြိုက်တဲ့ Smile ရဲ့အဖိုးဆုံးသွားပြီ၊ ဒါအခွင့်ရေးကောင်းပဲ၊ ဒီလောက်ကြိုက်နေတာလိုက်ပို့ပြီးမိတ်ဆက်ပေးမယ်’ တဲ့။ ကျွန်တော်တနေကုန်မသွားဘူးညင်းတာအမေကမရဘူးလိုက်ရမယ်စိုပြီးအတင်းခေါ်သွားတယ်။ ကျွန်တော်အရန်းကြောက်တော့ အမေ အဒေါ် အမတွေ ယောက်ဖတွေ သူငယ်ချင်းတွေပါခေါ်သွားတယ်။ သူ့အိမ်ရောက်တော့ဒူးတွေတုန်ပြီးလှေကားကိုမနဲတက်ရတယ်။ အိမ်ထဲဝင်သွားတော့သူဦးအန့်ဒံကြေဆေးကြော်ညာထဲကဂါဝန်အနီလေးနဲ့။ ကျွန်တော်ရှေ့ဆက်မတိုးနိုင်စကားမပြောနိုင် Zombie လိုဖြစ်နေတယ်။ အမေကမိတ်ဆက်ပေးတော့သူကမေါ့ကြည့်ပြီးသူ name card လေးထုတ်ပေးတယ်။ အနီးကပ်အခုမှတွေ့ဖူးတော့သူ့မျက်နှာကအမာရွတ်လေး၂ခုကိုသတိထားမိပြီးအရန်းကြွေသွားတယ်။ အခုအချိန်ထိသူ့အလှကိုကြည့်လို့မဝတာအမှန်ပဲ။

သူငယ်ချင်းတွေကအဲ့မှာအကွက်စင်ပြီးဖဲရိုက်မယ်လုပ်ကော။ ၁၃ချပ်ရိုက်ကြတယ်။ ကျွန်တော်သူ့အပေါ်အိမ်မှာတမင်ထိုင်ပြီး သူ့ကိုဒေါက်ရှောက် heart တွေကြီးပဲပြစ်ချပေးတယ်။ သူကတော့ဖဲမဲပြီးမသိပါဘူး။ ဒီကောင်ဘာတွေပြစ်နေမှန်းမသိဘူးစိုပြီးကျိန်ဆဲနေတာ။ နောက်နေ့ဖုန်းဆက်ပြီးပထမဆုံးအကြိမ်ပြောဖြစ်တယ်။ အဲဒီတုန်းထဲကစကားအရန်းများတော့သူကြီးပဲပြောသွားတယ်။ 1999 Valentine’s Day မတိုင်ခင်တရက်သူ့ကိုချစ်တယ်ပြောဖို့တနေကုန်အားယူခဲ့တယ်။ နောက်ဆုံးမပြောရဲတော့သူငယ်ချင်းကပြောပေးတယ်။ သူဘာပြန်ပြောလဲစိုတော့ နေကြာပန်း ၇ပွင့်နဲ့ ကြာပန်း ၇ပွင့်ကိုမနက် ၇နာရီအတိမှာသူ့အိမ်ကိုလာပေးရင်လိုချင်တဲ့အဖြေပေးမယ်တဲ့။ မနက်အဆောကြီးကျွန်တော့အမ၊ ယောက်ဖ၊ သူငယ်ချင်းနဲ့ နေကြာခင်းလိုက်ရှာတာလှဲကူးထိရောက်တယ်။ ဘွက်တောထဲကိုစင်းပြီး ၇ပွင့်ရအောင်ခူးခဲ့တယ်။ အဖိုးကြီးတွေ့ပြီးလိုက်ရိုက်လို့ပြေးရတာအန်တောင်ထွက်တယ်။ အသက်စွန့်ပြီးကားကိုဂိတ်ဆုံး ၁၈၀ထိသူငယ်ချင်းကမောင်းပြီး ၇နာရီအရောက်ပို့ခဲ့တယ်။

ကွှန်တော်တကိုလုံးဘွက်အပြည့်နဲ့သူ့အိမ်ကိုရောက်သွားတယ်။ သနပ်ခါးလေးနဲ့နေကြာပန်းထမိန်လေးနဲ့စောင့်နေပြီးအရင်ဆုံးသူ့ရေချိုခန်းထဲခေါ်သွားပြီးခြေထောက်ဆေးပေးတယ်။ ပြီးတော့ချစ်တယ်တဲ့။ အဲဒီနေ့ကစပြီးဒီနေ့အထိနှစ်တိုင်းသူ့ကိုနေကြာပန်းပေးတယ်။ ဘယ်သွားသွားနေကြာခင်းတွေ့ရင် ၂ယောက်လုံးပြေးပြီးဓါတ်ပုံရိုက်ကြတယ်။ ဒီနေ့နှစ် ၂ဝပြည့်တဲ့အတွက် နေကြာပန်း ၇ပွင့် ကို နှစ်၂၀စာ အပွင့် ၁၄၀ ကိုပေးရင်း Happy 20th Anniversary ပါချစ်။ ပထမဆုံးစချစ်တုန်းကထက်တောင် အခုပိုချစ်လာသေးတယ်။ I Love you.. Happy Valentine’s Day” ဆိုပြီး ကြည်နူးစွာ ရေးသားထားတာပါ။

ဇနီးသည်ကို အရမ်းချစ်တဲ့ စမိုင်းလ်ရဲ့ခင်ပွန်းကတော့ မကြာခဏဆိုသလို ချစ်ဇနီးသည်ကို Surprise လက်ဆောင်တွေ ပေးလေ့ရှိပါတယ် ။ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား အချစ်တွေ ပိုပိုတိုးလာတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Pyae Maung’s Facebook

Facebook Comments

admin

error: Content is protected !!