Valentine Day မှာ တစ်ကိုယ်တော် Single မမဘဝနဲ့ အပြတ်ဂေါ်လို့ရကြောင်း သက်သေပြလိုက်တဲ့ ရွှေကစ်လေး

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောလေးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ အနုပညာလောကမှာ ထိပ်ဆုံးကနေ အောင်မြင်မှုရရှိနေတဲ့ ငွေကြယ်ပွင့်လေးတစ်ဦး ဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီဆုရှင် ရွှေကစ်က လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားသစ်ကြီးတွေ ရိုက်ကူးနေရသလို သူမရဲ့ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ရပါတယ်။ နောက်ထပ်လည်း ရွှေကစ်က အကယ်ဒမီဆုတွေ ဆက်လက်ဆွတ်ခူးနိုင်မယ်လို့ ပရိသတ်တွေက မျှော်မှန်းထားကြပါတယ်။

လက်ရှိမှာ ရုံတင်ပြသနေတဲ့ ” လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီးလည်း ရွှေကစ်က ရလဒ်ကောင်းတွေ ရရှိထားပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေက ပြောပြထားလေ့မရှိတဲ့ ရွှေကစ်ကိုတော့ အားလုံးက Single မမတစ်ယောက်အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ အခုလို ချစ်သူစုံတွဲတွေ အပြတ်အသတ် Romantic ဆန်ကြတဲ့ Valentine Day နေ့လေးမှာတော့ ရွှေကစ်ရဲ့ အမိုက်စားပုံရိပ်တစ်ချို့က ရေပန်းစားနေပါတယ်။

အသစ်ထွက်ရှိလာတဲ့ နာမည်ကြီး ” LUSH Magazine ” ရဲ့ ဖေဖော်ဝါရီလထုတ် မဂ္ဂဇင်းမှာတော့ ရွှေကစ်လေးက SOFT BUT STRONG ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဖော်ပြခြင်းခံခဲ့ရပါတယ်။ တစ်ကိုယ်တော် Single မမဘဝနဲ့ မြင်သူတိုင်းငေးရလောက်အောင် လှချင်တိုင်းလှနေတဲ့ ရွှေကစ်ရဲ့အမိုက်စားပုံရိပ်တွေကတော့ အပြတ်အသတ်ကို ဂေါ်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ အလန်းစားအလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:LUSH Magazine Myanmar;

photo credit

Facebook Comments

admin

error: Content is protected !!