မထင်မှတ်ထားတဲ့ ခင်ပွန်းရဲ့Anniversary Surprise ကြောင့် မျက်ရည်ကျခဲ့ရတဲ့ စမိုင်းလ်ရဲ့ဗီဒီယို

ပွင့်လင်းရိုးရှင်းတဲ့ အနေအထိုင် အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကို ရရှိထားတဲ့ စမိုင်းလ်ကတော့ လတ်တလောမှာ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ စမိုင်းလ်က ချစ်သင်္ကေတတွေ ပြည့်ဝနေတဲ့ နေကြာပန်းလေးတွေကို အိမ်ထဲမှာ အပြည့်ထည့်ပြီး အံ့အားသင့်သွားအောင် Surprise လုပ်ခဲ့တဲ့ ခင်ပွန်းကြောင့် ပျော်ရွှင်မျက်ရည်ကျခဲ့ရတဲ့ သူ့ရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ ဒီနေ့လေးကတော့ စမိုင်းလ်က သူမရဲ့ခင်ပွန်းကို အဖြေပြန်ပေးခဲ့တာ နှစ် နှစ်ဆယ်ပြည့်တဲ့ အထိမ်းအမှတ်လေးလို့လည်း သိရပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် ခင်ပွန်းရဲ့Surprise ကြောင့် မျက်ရည်ကျခဲ့ရတဲ့ စမိုင်းလ်ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ်ရဲ့ခင်ပွန်းကတော့ “Happy Anniversary Chit. 20years tomorrow 🌻❤️😍😘 Love U #PS20” ဆိုပြီး Surprise ဗီဒီယိုလေးကို တင်ထားတာပါ။

ချစ်သက်တမ်း အနှစ် ၂၀ ပြည့်အမှတ်တရအဖြစ်ပေးတဲ့ ခင်ပွန်းရဲ့Surprise ကိုတော့ စမိုင်းလ်က “မွေးကတည်းကစကားများတဲ့ကျမနဲ့တစ်နေကုန်စကားတစ်ခွန်းမပြောတဲ့မောင့်ကိုဘုရားကတွေ့ပေးကတည်းကတစ်သက်လုံးညားမယ်ဆိုတာကြိုသိနေတယ်..ဘယ်သူကိုမှစကားမပြောပေမဲ့ချစ်ကိုဘယ်ကိစ္စမဆိုအစအဆုံးရင်ဖွင့်တတ်တဲ့မောင် မျက်စိနှစ်လုံးပွင့်ရင်ချစ်မျက်နှာကိုကြည့် ချစ်ပျော်မှမောင်ပျော်တယ် ချစ်စိတ်ညစ်နေရင်မောင်လိုက်စိတ်ညစ်တယ်..တစ်လောကလုံးကိုမရီမပြုံးပဲဆက်ဆံပေမဲ့ချစ်နဲ့တွေရင်ငပေါလေးတစ်ယောက်လိုချစ်စရာကောင်းပြီးစနောက်တတ်တဲ့မောင် ချစ်ကိုချစ်တဲ့သူတွေကိုအရမ်းချစ်ပေး ဝမ်းသာပေးတဲ့မောင် ဖုန်းတစ်လုံးမှာမိန်းမဓါတ်ပုံ ၇ထောင်ကျော် သူ့ပုံတစ်ပုံမှမရှိတဲ့မောင် အမြဲချစ်ပေးနော် အမြဲဂရုစိုက်ပေးနော် အမြဲ live လွှင့်ပေးစရာတော့မလိုပါဘူးဟီးး😆မောင့်ကိုအဖြေပေးခဲ့တာဒီနေဆို နှစ်၂၀ ရှိပြီ အရင်အတိုင်းပဲချစ်ပေးနေတဲ့မောင့်ကိုကျေးဇူးကမ္ဘာ အခါတစ်သိန်းပါ ချစ်မြဲချစ်ဆဲမောင့်အတွက် Happy 20th anniversary of loving 🥰” ဆိုပြီး ကြည်နူးမှုအပြည့်နဲ့ ရေးသားထားတာပါ။ အရမ်းကို ချစ်တတ်လွန်းတဲ့ စုံတွဲလေးပါပဲနော်။

ခင်ပွန်းရဲ့Surprise ကြောင့် မျက်ရည်ကျခဲ့ရတဲ့ စမိုင်းရဲ့ဗီဒီယို

တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ စမိုင်းကတော့ ခင်ပွန်းဖြစ်သူရဲ့အချစ်ကို တိုးတိုးပြီးတော့ ရနေတာပဲ ဖြစ်ပါတယ်။ဇနီးသည်ကို အရမ်းချစ်တဲ့ စမိုင်းလ်ရဲ့ခင်ပွန်းကတော့ မကြာခဏဆိုသလို ချစ်ဇနီးသည်ကို Surprise လက်ဆောင်တွေ ပေးလေ့ရှိပါတယ် ။ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ဦးကတော့ လတ်တလောမှာ အရမ်းကိုချစ်စရာကောင်းတဲ့ မီးမီးလေးနှစ်ဦးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ချစ်တတ်လွန်းကြတဲ့ အားကျစရာ စမိုင်းလ်တို့ဇနီးမောင်နှံကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Smile’s Facebook

Facebook Comments

admin

error: Content is protected !!