ချစ်​သူများ​နေ့မှာ ​စေ့စပ်​လိုက်​ပြီဆိုတဲ့ သူရိယနဲ့ ဆုအိမ့်​စံတို့ချစ်​သူနှစ်​ဦး

ပရိသတ်တွေအရမ်းချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်​စံတို့ချစ်​သူနှစ်​ဦးက​တော့ နားလည်​မှု​တွေများစွာနဲ့ ​အေးချမ်းသာယာတဲ့ အချစ်​​ရေးကို ပိုင်​ဆိုင်​ထားကြတာပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ချစ်သူတွေလိုသာမက မောင်နှမတွေ၊ သူငယ်ချင်းတွေလို ပွင့်ပွင့်လင်းလင်းရှိလှတဲ့ သူတို့ချစ်သူနှစ်ဦးက​တော့ ဒီ​နေ့​လေးမှာ ​စေ့စပ်​လိုက်​ပြီလို့ လူမှုကွန်​ယက်​မှာ တင်​လိုက်​တာ​ကြောင့်​ ပရိသ​တ်​​တွေက အံအားသင့်​ခဲ့ရတာပါ။

ချစ်ပရိသတ်တွေအတွက် ချစ်​သူများ​နေ့မှာ ​စေ့စပ်​လိုက်​ပြီဖြစ်​တဲ့ လိုက်ဖက်ညီလွန်းလှတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သူရိယကတော့ “Happy Our Valentine’s Day❤️ မင်းမဟုတ်​တဲ့ အခြားအရာတွေနဲ့တော့
ဘဝ ကိုအိုမင်းမသွားချင်​ဘူး..❤️ ဒီနေ့ ကျွန်တော်တို့ ၂ ယောက် စေ့စပ်လိုက်ပါပြီ..❤️ဆိုပြီး ကြည်​နူးစွာ ​ရေးသားထားတာပါ။

ပရိသတ်တွေအရမ်းစိတ်ဝင်စားကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးအပေါ်တစ်ဦး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ၊ နားလည်မှုတွေ အပြည့်ပေးပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ဖန်တီးထားကြတာဖြစ်​ပြီး အခုဆိုရင် ချစ်သူသက်တမ်း ၁နှစ်ကျော်ရမှာ ​စေ့စပ်​လိုက်​ကြပါပြီ။ ချစ်ပရိသတ်တွေလည်း လိုက်ဖက်ညီတဲ့ စုံတွဲလေး သူရိယနဲ့ ဆုအိမ့်စံတို့ချစ်သူနှစ်ဦးကို ဂုဏ်​ပြုစကား​တွေ ဆိုသွားခဲ့ပါဦး​နော်​။

Myint Myat
Source;Thu Riya & Hsu Eaint San’s Facebook

Facebook Comments

admin

error: Content is protected !!