အနာဂတ်ခင်ပွန်းလောင်း ခွင့်ပြုရင် မင်္ဂလာဆောင်မှာ ရည်းစားဟောင်းကို သီချင်းခေါ်ဆိုခိုင်းမယ်ဆိုတဲ့ ဟန်နာယူရီ

နိုင်ငံကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဟန်နာယူရီက ချစ်စရာကောင်းပြီး ကိုရီးယားမလေးလို ဖြူဖြူသေးသေးလေးမို့ ပရိသတ်တွေ အချစ်ပိုနေရတာပါ။ ဟန်နာယူရီက မိတ်ကပ်ပညာနဲ့သာမက မော်ဒယ်အဖြစ်လဲ ရပ်တည်နေသူဖြစ်ပါတယ်။ ဟန်နာယူရီက အခုဆိုရင် သူ့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ အလှပြင်ပစ္စည်းတွေကိုလဲ ထုတ်လုပ်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို တစ်ခဲနက်ခံနေရတာ ဖြစ်ပါတယ်။

ဟန်နာယူရီက လွန်ခဲ့တဲ့ ရက်ပိုင်းက သူမရဲ့ ပိုစ့်အောက်မှာ ပရိသတ်တစ်ဦးရဲ့ ကောမန့်တစ်ခုကို ပြန်ပြောခဲ့တဲ့ စကားတစ်ခွန်းက တော်တော်လေး နာမည်ကြီးခဲ့ပါတယ်။ ဟန်နာယူရီရဲ့ စကားလေးတစ်ခွန်းက သဘောကျစရာကောင်းလွန်းလို့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်။

ဟန်နာယူရီရဲ့ ပြောချက်ကတော့ လက်လန်တယ်နော်

လူလေးလဲလှသလို စကားလဲတတ်တဲ့ ချိမ

ချစ်စရာကောင်းတဲ့ ဟန်နာယူရီကတော့ သူမရဲ့ အလုပ်တွေနဲ့ အနုပညာလုပ်ငန်းတွေကို မျှတစွာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဟန်နာယူရီလေးကလဲ အပူမရှာသေးပဲ တစ်ကိုယ်တည်း အေးဆေးစွာ နေထိုင်နေလျက်ရှိပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!