Valentine day နေ့လေးမှာ ချစ်သူလေးနန်းစုက စိတ်ကောက်နေလို့ စိတ်ပြေအောင်ကျီစယ်နေတဲ့ ဂျီဖတ်တို့ရဲ့ ကြည်နူးစရာဗီဒီယိုလေး

ပရိတ်သတ်ကြီးရေ လူငယ်စုံတွဲလေးတွေထဲမှာ နန်းစုနဲ့ဂျီဖတ်ကလည်း မနဲ့မောင်အဖြစ် အရမ်းရိုတဲ့ အတွဲလေးဖြစ်လို့ ပရိတ်သတ်တွေက အရမ်းကိုအားကျနေရတာဖြစ်ပါတယ်။နန်းစုက အရင်ကတည်းက အနုပညာလောကမှာ ဇာတ်ကားပေါင်းများစွာ မှာပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်ပါတယ်။ဖြူဖွေးနုဖတ်နေပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေကြောင့် ကိုရီးယားမင်းသမီးလေးအလားအရမ်းကိုလှပါတယ်နော်။နန်းစုက သရုပ်ဆောင်တဲ့နေရာမှာလည်း အိုင်တင်အရမ်းကောင်းတဲ့ မင်းသမီးလေးပါနော်။

ဂျီဖတ်ကလည်း တေးသီချင်းတွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲကို တိုးဝင်နေရာယူလာတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။ဂျီဖတ်ရဲ့ တေးသီချင်းစာသားတွေကလည်း ပရိတ်သတ်ရဲ့ခံစားချက်နဲ့ ထပ်တူညီလို့ အချိန်ခဏလေးနဲ့ အောင်မြင်ခဲ့ပါတယ်နော်။ချစ်သူလေး နန်းစုကိုလည်း သီချင်းတွေကို ကိုယ်တိုင်ရေးပေးပြီး နှစ်ယောက်သားက တွဲပြီးတော့လည်း သီချင်းလေးတွေဖန်တီးထားပါတယ်။အရမ်းကို လိုက်ဖက်ကြတဲ့ သူတို့စုံတွဲလေးတွေက အချစ်တွေ နားလည်မှုတွေနဲ့ တည်ဆောက်ထားကြလို့ ခိုင်ခိုင်မြဲနေကြပါတယ်နော်။

အခုဆိုရင် ဂျီဖတ်နဲ့ နန်းစုက ဘယ်သွားသွား အတူတူသွားလာကြပြီး သူငယ်ချင်းတွေနဲ့အတူ ခရီးတွေပျော်ပျော်ပါးပါးလည်း ထွက်ကြပါတယ်နော်။အခုဆိုရင် နန်းစုနဲ့ဂျီဖတ်က ဘားအံကို ရောက်ရှိနေပြီး Valentine day အမှတ်တရ Showပွဲလေးကို လုပ်မှာဖြစ်လို့ ပရိတ်သတ်ကို ဖိတ်ခေါ်ရင်း စိတ်ကောက်နေတဲ့ ချစ်သူလေးနန်းစုကိုလည်း လှမ်းပြီး ကျီစယ်လိုက်တဲ့ ကြည်နူးစရာ ဗီဒီယိုလေးကို မျှဝေလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source:G Fatt

Facebook Comments

admin

error: Content is protected !!