ပျိုမဒီလေးတွေကို ကြွေဆင်းသွားအောင် ဖြူစင်တဲ့အပြုံးလေးတွေ စူးရှတဲ့ အကြည့်လေးတွေနဲ့ ခြွေချလိုက်ပြန်တဲ့ ဒေါင်း

ပရိတ်သတ်အချစ်တော်လေး ဒေါင်းကတော့ mrtv4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိတ်သတ်တွေ သတိထားမိလားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ဒေါင်းက အနုပညာလောကထဲမှာ ပီပြင်လွန်းတဲ့ အိုင်တင် သရုပ်ဆောင်ချက်တွေက ကောင်းတဲ့အပြင် ညှို့ယူနိုင်တဲ့အကြည့်လေးတွေနဲ့ ချောမောခန့်ညားတဲ့ရုပ်ရည်တို့ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲတစ်ယောက်လည်းဖြစ်ပါတယ်။ဒေါင်းရဲ့ အနုပညာလှုပ်ရှားမှုကလည်း ခြေလှမ်းစိပ်လာလို့ ပရိတ်သတ်အများအပြား သတိထားမိလာတာဖြစ်ပါတယ်။

ဒေါင်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေဟာဆိုရင်လည်း လူကြိုက်များပြီး အချိန်တိုအတွင်းမှာ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကို တစ်ခဲနက်ရရှိခဲ့ပါတယ်နော်။ဒေါင်းက စိတ်သဘောထားဖြူစင်ပြီး တည်ငြိမ်အေးချမ်းစွာ နေတတ်သူတစ်ယောက်ဖြစ်တဲ့အပြင် တစ်နေ့ထက်တစ်နေ့ပိုပို ခန့်ညားလာပြီး ညှို့ယူနိုင်တဲ့မျက်လုံးလေးတွေကလည်း ပိုပိုပြီး အသက်ဝင်လာလို့ မိန်းကလေးပရိတ်သတ်တွေကတော့ တစ်ဖြုတ်ဖြုတ်ကြွေနေရတာပါနော်။

ဒေါင်းရဲ့အနုပညာလှုပ်ရှားမှု့တွေက အခုနောက်ပိုင်းမှာ ပိုပြီးလုပ်ကိုင်လာပါတယ်။သူရိုက်ကူးထားတဲ့ ဇာတ်ကားတွေလည်း ရှိသလို ရိုက်ကူးနေဆဲဇာတ်ကားတွေလည်းရှိပါတယ်။ပရိတ်သတ်ကလည်း သူရဲ့ဇာတ်ကားတွေကို အားပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။အခုဆိုရင် ဒေါင်းက ဖြူလွှလွှ အင်္ကျီလေးကို ဝတ်ဆင်ပြီး နှင်းဆီပန်းရဲရဲလေးတွေနဲ့ ညှို့ယူဖမ်းစားနေလို့ နှုတ်ခမ်းနီမလေးတွေ ရင်တွေအခုန်မြန်သွားရတဲ့ ဒေါင်းရဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:We Love Daung

Facebook Comments

admin

error: Content is protected !!