ချစ်သူလေး သန္တာဗိုလ်က ချောကလက်မကျွေးဘူးပြောလို့ ငိုနေတဲ့ ကောင်းပြည့်ရဲ့ ဗီဒီယိုဖိုင်လေး

သရုပ်ဆောင် မင်းသားချော ကောင်းပြည့်နဲ့ မင်းသမီးချော သန္တာဗိုလ်တို့စုံတွဲလေးကတော့ နှစ်အတော်ကြာအောင် အချစ်တွေ ခိုင်မြဲနေကြတဲ့ အနုပညာရှင်စုံတွဲလေး ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အတူတူလက်တွဲ လုပ်ကိုင်နေကြတဲ့ သူတို့စုံတွဲလေးက အောင်မြင်မှုတွေကိုယ်စီရရှိထားတာလည်း ဖြစ်ပါတယ်။ အများက လေးစားအားကျရတဲ့ သူတို့စုံတွဲလေးရဲ့ ချစ်သူသက်တမ်းကလည်း အခုဆိုရင် (၇) နှစ် နီးပါးရှိနေပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတို့ချစ်သူနှစ်ဦးက ပွဲအခမ်းအနားလေးတွေကို အတူယှဉ်တွဲကာ တက်ရောက်နေသလို Romantic ဆန်တဲ့ ဗီဒီယိုလေးတွေ ရိုက်ကူးလာကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ကောင်းပြည့်က သန္တာဗိုလ်အတွက် ချစ်သူများနေ့အတွက် ချစ်သက်လက်ဆောင် ရွှေဟန်းချိန်းလေးကို လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ကောင်းပြည့်က ချစ်သူလေးဆီက ချောကလက်ဝယ်ကျွေးဖို့ တောင်းဆိုခဲ့ပါတယ်။

ချစ်သူဆီက ချောကလက်စားချင်လို့ ဝယ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ကောင်းပြည့်တစ်ယောက် နောက်ဆုံးမှာတော့ သန္တာဗိုလ်က မဝယ်ကျွေးဘူးလို့ ပြောတာခံလိုက်ရပါတယ်။ ဒါကြောင့် ကောင်းပြည့်က ကလေးလေးတစ်ယောက်လို ချစ်သူရဲ့အရှေ့မှာ ငိုပြနေတဲ့ ဗီဒီယိုဖိုင်လေးကို သန္တာဗိုလ်က တင်ထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source:Thandar Bo

Facebook Comments

admin

error: Content is protected !!