Valentine Dayလေး မှာ ပရိသတ်တွေကို အူတတ်အောင်ခွီစေတဲ့ ဆောင်းဝတ်ရည်မေနဲ့ ယွန်းရွှေရည်တို့ရဲ့အခွီဗီဒီယို

အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ MRTV-4 ရဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်နဲ့ ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်တို့ကလည်း အပါအဝင်ပါပဲ..။

နှစ်ယောက်လုံးက အနုပညာလောကမှာ နယ်ပယ်အသီးသီးကနေ အောင်မြင်မှုတွေရရှိထားသလို ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ သရုပ်ဆောင်ဟန်ပန်အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြသူလေးတွေလည်း ဖြစ်ပါတယ်နော်..။

လတ်တလောမှာလည်း ဇာတ်ကားတွေအတူ ရိုက်ကူးနေပြီး ရှုတင်အားတဲ့အချိန်လေးတွေမှာ အခွီဗီဒီယိုလေးတွေရိုက်ကူးပြီး ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိတဲ့ သူမတို့နှစ်ယောက်ကတော့ ဒီကနေ့ချစ်သူများနေ့လေးမှာဖြစ်တဲ့ အခွီဗီဒီယိုလေးကိုလည်း တင်လိုက်ပါတယ်နော်..။

Valentine Day လေးမှာ ဖြစ်တတ်ကြတဲ့ RS ရှိသူတွေနဲ့ Single လေးတွေကြား အပြန်အလှန်အနိုင်ယူစနောက်တတ်ကြတဲ့ အကြောင်းလေးကို နှစ်ယောက်အတူ သရုပ်ဖော်ပြီး ရိုက်ကူးထားတဲ့ အခွီဗီဒီယိုလေးမို့ ပရိသတ်တွေလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

ချစ်သူဆီကရတဲ့ ချောကလက်ကို စားပြီး ရည်စားမရှိတဲ့ ဆောင်းဝတ်ရည်မေကို စနောက်လိုက်တဲ့ ယွန်းရွှေရည်ကို ခပ်ချေချေလေး ပြန်ပြောပြီး သရုပ်ဖော်ထားကြတဲ့ သူမတို့နှစ်ယောက်ရဲ့ အခွီဗီဒီယိုလေးကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြလိမ့်မယ် ထင်ပါတယ်နော်..။

ခုတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဆောင်းဝတ်ရည်မေနဲ့ ယွန်းရွှေရည်တို့ရဲ့ အခွီဗီဒီယိုလေးကိုလည်း ပြန်လည်မျှဝေလိုက်တာမို့ ရယ်မောခြင်းနဲ့ ပျော်ရွှင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်နော်..။

Video ကြည့်ရန်

Photo – ဆောင်းဝတ်ရည်မေ

Facebook Comments

admin

error: Content is protected !!