Valentine’s Day အမှတ်တရအနေနဲ့ ကောင်မလေးနှစ်ယောက်ကို Surprise လုပ်ခဲ့တဲ့ G Fatt ရဲ့ ဗီဒီယိုဖိုင်

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ G Fatt ဟာ သီချင်းကောင်းလေးတွေကိုသာ ရွေးချယ်သီဆိုတတ်တာမို့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အောင်မြင်မှုတွေ များစွာကို ရရှိခဲ့တာပါ။ သူ့ရဲ့ ထူးခြားတဲ့ သီချင်းဆိုစွမ်းရည်နဲ့ အနုပညာသစ်တွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်ကြောင့် ထူးချွန်ဆုတွေများစွာကိုလဲ ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ G Fatt ကို အားပေးကြတဲ့ ပရိသတ်တွေကလဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အများအပြား အခိုင်အမာရှိနေတာပဲဖြစ်ပါတယ်။

G Fatt က ဒီနှစ် ချစ်သူများနေ့မှာတော့ ထူးထူးခြားခြား အစီအစဉ်အနေနဲ့ သူချစ်တဲ့ ပရိသတ်တွေကို ပျော်ရွှင်အောင် လုပ်ပေးခဲ့ပါတယ်။

ပရိသတ်တွေက များပြားလွန်းတဲ့အတွက် G Fatt က သူ့ရဲ့ We Love G Fatt Group ထဲက တစ်ဦးနဲ့ ရှိုးပွဲလာဖူးတဲ့ ပရိသတ်ထဲက တစ်ဦး စုစုပေါင်း နှစ်ဦးရွေးချယ်ခဲ့ပါတယ်။

ပရိသတ်ကောင်မလေးနှစ်ယောက်ကို Surprise လုပ်ပေးခဲ့တဲ့ G Fatt

ကံထူးသွားတဲ့ G Fatt ရဲ့ ပရိသတ်ကတော့ တော်တော်လေး ပျော်နေမှာ အသေအချာပဲနော်။ ပရိသတ်တွေကို အလိုလိုက်ပြီး ချစ်တတ်တဲ့ G Fatt ကတော့ တကယ်ကို အနုပညာရှင်ကောင်းတစ်ယောက် ပီသပါပေတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!