ညီဖြစ်သူ လွှမ်းပိုင်ရဲ့ ၉နှစ်တာ ချစ်သူသက်တမ်းကို အားကျလို့ ချစ်သူရှာတော့မယ် ဆိုတဲ့ကျော်ဆု

ပရိသတ်ကြီးရေ ကျော်ဆုကတော့ MRTV 4 ဇာတ်ကားတွေမှာ စတင်သရုပ်ဆောင်ပြီး အနုလောကထဲကို ဝင်ရောက်လာတဲ့မင်းသားတစ်ယောက်လဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေ ချစ်ခင်ခံနေရတဲ့ မင်းသားတစ်ယောက်လဲဖြစ်ပါတယ်။ ကျော်ဆုကတော့ ပရိသတ်အားပေးမှုနဲ့ ဇာတ်ကားတွေကိုလဲ ဆက်လက်ရိုက်ကူးနေပါတယ်။

လတ်တလောမှာတော့ ကျော်ဆုက Canal+ ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ “အဆိပ်သွေး” ရုပ်သံဇာတ်လမ်း တွဲ အထူးပြသပွဲကို တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိပ်သွေး အထူးပြပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က St.John City Mall မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုပွဲမှာ ကျော်ဆုက ညီဖြစ်သူ လွှမ်းပိုင်ရဲ့ ၉နှစ်တာ ချစ်သူသက်တမ်းကို အားကျလို့ သူလဲ ချစ်သူရှာတော့မယ် ဆိုတဲ့အကြောင်းကို ဗီဒီယာတွေကိုပြောခဲ့ပါတယ်။

ပရိသတ်ကြီးအတွက်ကျော်ဆုရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ကျော်ဆုကိုချစ်ရင် Share ပေးသွားကြဦးနော်။

Video ကြည့်ရန်

Video Source : Cele Yatkwat

Facebook Comments

admin

error: Content is protected !!