ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ ၂ ဦးကို မသေမချင်း​ကြိုးကွင်းစွတ်​ သေဒဏ်အမိန့်ချ

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ သေနတ်ဖြင့်ပစ်ခက်လုပ်ကြံခံရမှုမှ သနတ်သမားကြည်လင်းနှင့်​ စေခိုင်းသူ အောင်ဝင်းဇော်တို့အား မသေမချင်ကြိုးကွင်းစွတ်သေဒဏ်အမိန့်ကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် ချမှတ်လိုက်သည်။ဇေယျာဖြိုးအား ထောင်ဒဏ် ၅ နှစ်၊ အောင်ဝင်းထွန်းအား ထောင် ၃နှစ် အသီးသီးကျခံစေရန် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲချုပ်(nld) ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ လုပ်ကြံသတ်ဖြတ်ခံရပြီး၂နှစ် နှင့်၁၇ရက်အကြာတွင်၁၀၃ ​​ကြိမ်မြောက်ရုံချိန်းတွင် မြောက်ပိုင်းခရိုင်တရားရုံးက အပြီသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် ဒီမိုကရေစီ ကူးပြောင်းရေးနှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး လေ့လာ​ရေးခရီးစဉ်မှ ပြန်လာချိန် ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၉တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြင်ပ၌ သေနတ်ဖြင့်ပစ်သတ်လုပ်ကြံခံရခြင်းဖြစ်ပြီး ၄င်းကွယ်လွန်ချိန်တွင်အသက်၆၃နှစ်ရှိပြီဖြစ်သည်။

ဦးကိုနီကိုသေနတ်ဖြင့်ပစ်ခက်သူ ကြည်လင်းကိုဖမ်းဆီးနိုင်ရေး ကြိုးပမ်းခဲ့သည့် တာဝန်သိအငှားယာဉ်မောင်းဦးနေဝင်းမှာလည်း သေနတ်သမား၏ပစ်ခက်မှုကြောင့် သေဆုံးခဲ့ရသည်။ဦးကိုနီသေဆုံးကိုလုပ်ကြံရန် နောက်ကွယ်မှကြိုးကိုင်သူဟု စွတ်စွဲခံထားရသော ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် ၂၀၁၇ခုနှစ်ဖေဖော်ဝါရီလတွင် တိန်းရှောင်သွားပြီး ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းထုတ်ထားကာ အင်တာပို နှင့် အာဆီယံရဲတပ်ဖွဲ့သို့ ၄င်းနှင့်ပတ်သက်သည့် အချက်အလက်များပေးပို့ထားသော်လည် ယနေ့ချိန်ထိဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ကြည်လင်း၊ အောင်ဝင်း​ဇော်၊ ဇေယျာဖြိုး၊ ထွက်ပြေးလွှတ်မြောက်နေသူ အောင်ဝင်းခိုင်တို့ကို ကြိုတင်ကြံစည်လုပ်ကြံသတ်ဖြတ်မှု ရာဇသတ်ကြီးပုဒ်မ၃၀၂(၁)(ခ)/၁၄ဖြင့် စွဲချက်တင်ထားပြီး အာမခံရရှိသူအောင်ဝင်းထွန်းကို အားပေးကူညီမှု ပုဒ်မ၂၁၂ဖြင့် စွဲချက်တင်ထားခြင်းဖြစ်သည်။

Credit-News Watch

Facebook Comments

admin

error: Content is protected !!