အမေ့ဆွဲကြိုးလေး ပေါင် ပြီး အဆိုတော်ဘဝစခဲ့တာဆိုတဲ့ ရဲလေး

ရဲလေးလို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက သူ့သီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိချိန်ထိလည်း လူငယ်လေးတယောက်လို နုပျိုနေပြီး ပရိသတ်တွေနဲ့လည်း အမြဲတမ်း ရင်းရင်းနှီးနှီးရှိနေတဲ့ အဆိုတော် သရုပ်ဆောင်တယောက်ဆိုလည်း မမှားပါဘူး။ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တယောက်ဖြစ်တာကြောင့် ပရိသတ်တွေ အားပေးမှုကို နှစ်အတော်ကြာ ရရှိထားတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ သူ့ဘဝကို ဘယ်လိုစခဲ့ရလဲဆိုတာကို ပြောကြားသွားပြီး သူ့ရဲ့ လတ်တလော အဖြစ်အပျက်လေးတွေကိုလည်း ပြောကြားသွား ခဲ့ပါတယ်။

ရဲလေးကတော့ Sunday နဲ့ အင်တာဗျူးတွင် “ကျွန်တော်အဆိုတော် စ လုပ်ခါစတုန်းက ပိုက်ဆံမရှိတော့ အမေက သူ့ရဲ့ဆွဲကြိုးလေးကို ပေါင်ပြီးတော့ ပိုက်ဆံချီးပေးခဲ့တယ်။ စတူဒီယိုဖိုးတွေပေါ့။ အမေ့ရဲ့ ဆွဲကြိုးလေး ပေါင်ပြီးတော့ ကျွန်တော့်ဘဝကို စခဲ့တယ်။ အဆိုတော် ဘဝကိုပေါ့။ အဲ့ဒါကတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရလေး တခုပါပဲ”

အမေ့ကို ပြောချင်တဲ့ စကားတခုဆိုရင် “အမြဲတမ်းကျေးဇူးတင်တယ်။ အရမ်းလည်း ချစ်တယ်။ အမေ့ကို ဘာမှမလုပ်ပေးနိုင်သေးဘူးလို့ ခုချိန်ထိ ခံစားနေရတယ်။ ဒါကြောင့် အမေလိုချင်တာကတွေကို ဖြည့်ဆည်းပေးချင်တယ်။ အဲ့ကြောင့်လည်း ကြိုးစားနေပါတယ်။ အမေကျွန်တော့်ကို နားလည်ပေးပါလို့ ပြောချင်ပါတယ်”

ကိုယ့်သီချင်းကို သူများဆိုတာ ပိုပေါက်တယ်လို့ ပြောနေကြတဲ့ အပေါ် ဘယ်လို မြင်မိလဲဆိုတာကိုတော့ “ဒီလိုပဲ အားလုံးက နောက်နေ ပြောင်နေကြတာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ ပေါ်ပြူလာ ဖြစ်တာပေါ့။ ကိုယ်ကိုယ်တိုင်ဆိုတဲ့ သီချင်းတွေ ကျွန်တော်ရေးတဲ့ သီချင်းတွေ ကိုယ်တိုင်လည်း ဆိုတယ်။ သူများတွေပြန်ဆိုတဲ့အခါ ပေါက်ရောက် အောင်မြင်တော့လည်း ဝမ်းသာပါတယ်။ မုဒိသာ ပွားလိုက်ပြီးလိုက်မယ်ဆိုရင် ကုသိုလ်အများကြီးရတယ်။

အဆိုတော် အသစ်တွေ ပေါ်လာတယ်။ ကိုယ့်ကြောင့် အသစ်တွေ အများကြီးအောင်မြင်မှု ရသွားရင် ကျွန်တော်တို့ကတော ပီတိစားပြီး ကျေနပ်နေရုံပဲ ရှိပါတော့တယ်။ ဒီထက်နောက်ပိုင်းမှာလည်း YLJK ကနေ New Arist တွေ ထွက်လာဖို့ရှိတယ်။ မြေတောင်မြောက်ပေးဖို့လည်း ရှိပါတယ်။ အနုပညာဖန်တီးမှု အသစ်တွေနဲ့ အတူပေါ့” ဟု ပြောကြားသွားခဲ့ပါတယ်။

Source : nanmalgyi

Facebook Comments

admin

error: Content is protected !!