Katy Perry ရဲ့ နာမည်ကြီး Roar သီချင်းကို ပီပီသသဆိုပြခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ သမီးလေး ပြေသုဒြာ

နာမည်​ကြီး အနုပညာရှင်​စုံတွဲဖြစ်​တဲ့ ​ပြေတီဦးနဲ့ ​အိန္ဒြာ​ကျော်​ဇင်​ဟာ ပရိသတ်​​တွေချစ်​တဲ့အနုပညာရှင်​နှစ်​ဦးပါပဲ။ ​ပြေတီဦးနဲ့ အိန္ဒြာ​ကျော်​ဇင်​ဟာ အနုပညာနယ်​ပယ်​မှာ အသီးသီး​အောင်​မြင်​သူ​တွေဖြစ်​ပြီး အကယ်​ဒမီဆုများရှင်​​တွေလဲဖြစ်​ပါတယ်​။ပြေတီဦးနဲ့ အိန္ဒြာ​ကျော်​ဇင်​ဟာ အခုဆိုရင်​ ​ပြေသုဒြာနဲ့ ​ပြေဓီရ ဆိုတဲ့ ချစ်​စရာ​ကောင်းတဲ့ သမီး​လေးနဲ့ သား​လေးတစ်​ဦးကို ​မွေးဖွားထားပါတယ်​။ ​ပြေတီဦးနဲ့ အိန္ဒြာ​ကျော်​ဇင်​တို့နှစ်​ဦးစလုံးက အနုပညာရှင်​​တွေမို့ မအားလပ်​ကြ​ပေမယ့်​ မိသားစုအတွက်​ အချိန်​​ပေးတတ်​တဲ့ ဖခင်​​ကောင်း မိခင်​​ကောင်း​တွေလဲဖြစ်​ပါတယ်​။

ဒီနေ့မှာတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးကြီးလေး ပြေသုဒြာက Katy Perry ရဲ့ နာမည်ကြီး သီချင်းဖြစ်တဲ့ Roar သီချင်းကို ချစ်စရာကောင်းအောင် သီဆိုနေတဲ့ ပုံလေးကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ဘယ်လိုတွေတောင် တတ်လွန်းတာလဲ သမီးရယ်

ပြေသုဒြာလေး ငယ်ငယ်ကလဲ နီနီခင်ဇော်ရဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာ သီဆိုတုန်းကလဲ ပရိသတ်တွေ သဘောကျခဲ့ကြပါသေးတယ်။

ပြေသုဒြာလေးကတော့ တကယ်ကို အဖေနဲ့အမေရဲ့ အနုပညာသွေး အပြည့်ပါတာပဲနော်။ တော်ရုံလူကြီးတွေတောင် လိုက်မဆိုနိုင်တဲ့ Katy Perry ရဲ့ Roar သီချင်းကို ဆိုပြသွားတာ ချစ်စရာလေးနော်။ မိုမိုလေး ပရိသတ်တွေလဲ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!