ချစ်သူပေးတဲ့ ချော့ကလက်မစားရလို့ ပရိသတ်တွေဆီက ပြန်မျှကျွေးခိုင်းနေရတဲ့ မင်းသမီးလေ မြညို

ပရိသတ်တွေကြိုက်ကြတဲ့ “ပျားရည်အိုင်”ဇာတ်လမ်းတွဲမှာ မြညိုနေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး မြတ်သူသူဇင်ကို ပရိသတ်တွေ သိကြမှာပါ။ မြတ်သူသူဇင်ဟာ သူမရဲ့ အမူအယာကောင်းမှု၊ ဇာတ်လမ်းအပေါ် အာရုံစူးစိုက်မှုတွေကြောင့် မြညို ဆိုတဲ့ ကာရိုက်တာက အကောင်းဆုံး အသက်ဝင်လာတာဖြစ်ပါတယ်။ ပရိသတ်တွေကလဲ မြတ်သူသူဇင်ရဲ့ သရုပ်ဆောင်ကောင်းမှုအပေါ်ကို ချီးကျူးအားပေးကြပါတယ်။

နယ်ရှုတင်တွေ၊ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်နေရရှာတဲ့ ပျားရည်အိုင်မင်းသမီးလေးမြညိုကတော့ ဗယ်လင်တိုင်းမှာ ချော့ကလက်မစားလိုက်ရဘူးလို့ သူ့အဖြစ်ကို သနားစရာလေး ရေးသားပြောပြလာပါတယ်။

မြညို မင်းသမီးလေး မြတ်သူသူဇင် က လူမှုကွန်ရက်ပေါ်မှာ “VD မှာ ဘာမှမစားရပါဘူးနော်အထင်ကြီးပြီးလာတောင်းမစားပါနဲ့နော်ပြောရတာလူသိကုန်ပါပြီနော်ကွကိုယ်တောင်ဝယ်မစားရသေးပါဘူးနော်၊စားရသူများ ပြန်မျှကြပါနော်” ဆိုပြီးမျက်နှာငယ်လေးနဲ့ ရေးသားပြောပြ ထားတာကို တွေ့ရပါတယ်။ မြညိုရဲ့ အပါးတော်မြဲကိုကို တစ်ယောက် အရေးပေါ်ကိစ္စတွေရှိလို့ ချစ်သူများနေ့မှာအနားမရှိနိုင်ဘူးထင်ပ။ ကြင်နာတတ်သူတွေချစ်တတ်သူတွေ အတွက်ကတော့ တစ်နှစ်ပတ်လုံး ချစ်သူများနေ့ဖြစ်တာကြောင့် မြညိုလေးကို ချောကလက်အကြွေးဆပ်ဖို့ သူ့ကိုကို ကို ပရိသတ်ကြီးက ပြောပေးလိုက်ကြပါဦးနော်။

Photo Source : Myat Thu Thu Zin

Facebook Comments

admin

error: Content is protected !!