ဂေါ်မစွံ ကြသေးတဲ့ ကိုတင်ဖေ နဲ့ မြိုင်တို့ရဲ့ ချစ်သူများနေ့ဖြတ်သန်းမှုများ

ပျားရည်အိုင်ဇာတ်လမ်းတွဲလေးဟာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒါတွေတင်မကသေးပါဘူး ဒီဇာတ်လမ်းတွဲထဲမှာပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေ ကလည်း ပရိသတ်တွေ လက်ခံခဲ့ကြတဲ့ အထိ ခိုင်ခိုင်မာမာနေရာရရှိလာခဲ့ကြတာပါ။

ပရိသတ်တွေချစ်ကြတဲ့ ပျားရည်အိုင်ဇာတ်လမ်းထဲက ကိုတင်ဖေ နဲ့ မြိုင်တို့ ကတော့ ချစ်သူများနေ့ကို တစ်ကိုယ်တော်ဖြတ်သန်းခဲ့ကြပါတယ်။ ကိုတင်ဖေ တဖြစ်လဲ မင်းသား အောင်ရေချမ်း ကတော့ we love တွေ ၊ အဆိပ်သွေး အဖွဲ့သားတွေနဲ့ တစ်ကိုယ်တော် ဗယ်လင်တိုင်းကို ဖြတ်သန်းခဲ့တယ်လို့ ၄င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတွေ့ရပါတယ်။

ဒီလိုပါပဲ မြိုင်တစ်ဖြစ်လဲ မင်းသမီးချောလေး မေမီကိုကို ကလည်း တစ်ကိုယ်တော် ဗယ်လင်တိုင်း ကို ချစ်တဲ့ခင်တဲ့သူတွေနဲ့ ဖြတ်သန်းခဲ့ကြောင်း လူမှုကွန်ရက်တွေပေါ်မှာ အသီးသီး ရေးသားထားကြတာကိုတွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ကိုတင်ဖေနဲ့ မြိုင် အမြန်ဆုံး စွံရအောင် ဆုတောင်းပေးကြပါဦး။

Source – Aung Yay Chan / May Mi Ko Ko

Facebook Comments

admin

error: Content is protected !!