ခင်ပိုးပန်းချီရဲ့ လိပ်ပြာစံအိမ် ဇာတ်ဝင်တေးသီချင်းကို ကြက်သီးထစရာကောင်းအောင် ဆိုပြခဲ့တဲ့ ပရိသတ်တစ်ဦး

လတ်တလောမှာ ရုံတင်နေတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်း ဇာတ်အိမ်၊ ထူးခြားကောင်းမွန်ရဲ့ ရိုက်ချက်၊ အရည်အသွေးပြည့်မီတဲ့ သရုပ်ဆောင်တွေကြောင့် “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးရယ်လို့ နာမည်ကြီးနေတာပဲဖြစ်ပါတယ်။ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးက မြန်မာနိုင်ငံမှာသာမက စင်္ကာပူရုပ်ရှင်ရုံတွေမှာ ပြသနေတာပဲ ဖြစ်ပါတယ်။

လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်းဖြစ်တဲ့ Until We Meet Again သီချင်းကလဲ တော်တော်လေး အောင်မြင်တာကို တွေ့ရပါတယ်။ Until We Meet Again သီချင်းက မြန်နာသားချော့တေး သီချင်းတစ်ပုဒ်ကို အခြေခံထားတာဖြစ်ပြီး တေးသံရှင် ခင်ပိုးပန်းချီက သီဆိုထားတာ ဖြစ်ပါတယ်။

ထိုသီချင်းလေးက နားထောင်သူတိုင်းရဲ့ စိတ်ကို ပြင်းပြင်းထန်ထန် ညှို့ငင်ဆွဲဆောင်နိုင်တဲ့ သီချင်းလေးအဖြစ် နာမည်ကြီးလှပါတယ်။ လိပ်ပြာစံအိမ် ရုပ်ရှင်ကို အားပေးတဲ့ ပရိသတ်တစ်ဦးက ထိုသီချင်းလေးကို ပြန်လည်သီဆိုခဲ့တဲ့ ဗီဒီယိုလေးကလဲ ဒီကနေ့ လူမှုကွန်ယက် စာမျက်နှာမှာ တော်တော်လေး နာမည်ကြီးနေပါတယ်။

Until We Meet Again by John Derek (Htet Phone Kyaw )

ဒီပရိသတ်ကတော့ ခင်ပိုးပန်းချီရဲ့ Until We Meet Again သီချင်းကို အပြန်ပြန်အလှန်လှန် နားထောင်ခဲ့တဲ့ ပုံပဲနော်။ သူဆိုသွားတဲ့ သီချင်းလေးကို နားထောင်တာ တီးလုံးမပါတာတောင် တော်တော်လေး နားထောင်ကောင်းတာပဲနော်။ ဒီသီချင်းလေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

Facebook Comments

admin

error: Content is protected !!