အားလပ်ချိန်မရှိလောက်အောင် များပြားလွန်းတဲ့ အလုပ်တွေကြောင့် ဆေးကုသမှုခံယူနေရတဲ့ ရွှေကစ်လေး

မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ချောမောလှပတဲ့ ရုပ်ရည်လေးအပြင် ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် လူကြိုက်များအောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် အသက်သွင်းပြီး သရုပ်ဆောင်နိုင်တဲ့ ရွှေကစ်လေးက အလုပ်တစ်ခုကို စိတ်ရောကိုယ်ပါနဲ့အောင်မြင်အောင် သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေက ရွှေကစ်လေးကို သည်းသည်းလှုပ်အားပေးနေကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရွှေကစ်လေး ပါဝင်သရုပ်ဆောင်ထားတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်တွေကြားမှာ အထူးရေပန်းစားနေတာ ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်လေးက မင်းသားချော နေတိုးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ထပ်မံရိုက်ကူးခဲ့ပါတယ်။ကြော်ငြာ၊ ရိုက်ကွင်းတွေနဲ့ အချိန်ပြည့်အလုပ်ရှုပ်နေတဲ့ ရွှေကစ်လေးက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အထိ ရိုက်ကူးရေး သွားရောက်ပြုလုပ်ခဲ့ရပါတယ်။

နားချိန်မရှိလောက်အောင် များပြားလှတဲ့ အလုပ်တွေကြောင့် အခုဆိုရင် ရွှေကစ်လေးက သွေးသွင်းရတဲ့အထိ အရမ်းကို ကိုယ်ခံအားနည်းနေတာ တွေ့ရပါတယ်။ ကစ်က သူမရဲ့ဆေးကုသမှုခံယူနေတဲ့ပုံလေးနဲ့ ပရိသတ်တွေကို အသိပေးထားသလို သူမရဲ့ပရိသတ်တွေကလည်း ကစ်အတွက် အရမ်းကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးလေး ရွှေကစ်တစ်ယောက် အမြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi;

Facebook Comments

admin

error: Content is protected !!