“သားကိုတော့ဂူဂျွန်ဖြိုးနဲ့တူတယ်လို့တော့ပြောကြတယ်”လို့ဆိုလိုက်တဲ့ လူကြမ်းသရုပ်ဆောင် ကိုကိုဦး

Last modified date

တစ်ချိန်တုန်းက အနုပညာလောကမှာ လူဆိုးကာရိုက်တာများဖြင့် ပရိသတ်သတိထားမိခဲ့တာကတော့ နာမည်ကျော် ဗီလိန်သရုပ်ဆောင် ကိုကိုဦး ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ မုန်းချင်းကိုခံရတဲ့ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ လူကြမ်း သရုပ်ဆောင် တစ်ယောက်ရဲ့ ဘဝကိုနာစလည်လာပြီး ပရိသတ်တွေရဲ့ နားလည်အားပေးမှုကိုရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်လဲဖြစ်ပါတယ်။

ကိုကိုဦး သားလေး သီဟအောင် ဟာဆိုရင်ဖြင့်လဲ ပရိသတ်တွေကြားမှာလူသိနဲလှပါတယ်။ မကြာခင်ကမှ ဆယ်တန်းအောင်ခဲ့တဲ့ သီဟအောင်ဟာ အနုပညာဝါသနာပါတဲ့အတွက် စတင်ကြိုးစားနေပါတယ်။ ကိုကိုဦးကတော့ ” သားလေးရဲ့အနုပညာလှုပ်ရှားမှုမှာ ကျွန်တော်မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကလူကြီးတစ်ချို့ကိုပေါ့နော် ကျွန်တော် ရွှေကြို ခလေးအတွက်ကို ကျွန်တော့်သားလေးကို ထည့်ပေးဖို့ နောက်ပြီးတော့ဒီသရုပ်ဆောင် ရဲ့သားသမီးတွေကိုဦးစားပေးတယ်ဆိုလို့လေ။ အဲ့ဒါကိုသူတို့ကလျောက်လွှာတင်ရမယ် ဆိုတော့က ကျွန်တော်ကဒါလေးကို လွန်ခဲ့တဲ့သုံးလလောက်ထဲက ပြောခဲ့တယ်။ အခုဖြစ်သွားတာ အခုရောက်လာတာကနဲနဲတော့မကောင်းဘူးပေါ့ ဘယ်လိုစိတ်မကောင်းဘူးဆိုတာ ကိုကတော့ပါပြီပေါ့ ပါမယ်ထင်တာပေါ့ ။ဒါပေမယ့် ကျွန်တော်ပြောခဲ့တာ အဖွဲ့ကတစ်ဖွဲ့ ။သူတို့ဒီရွှေကြိုအဖွဲ့ကိုဖွဲ့လိုက်တဲ့အဖွဲ့က တစ်ဖွဲ့ ဆိုတော့ ဟိုဘက်အဖွဲ့နဲ့ ဒီဘက်အဖွဲ့က ရွေးချယ်မှုကဂတစ်ယောက်နဲ့တစ်ယောက်က မဆက်စပ်မိဘူး။ မဆက်စပ်မိတော့ ဟ်ုဘက်အဖွဲ့က တခြားလျောက်လာတဲ့ကလေးတွေကိုရွေးချယ်လိုက်တော့ ကျွန်တော့သားလေးကကြားထဲကကျန်ခဲ့တာပေါ့နော်။ ကျန်ခဲ့တော့ လာတဲ့အထဲမှာ ဒီတစ်ခုလေးပဲ နဲနဲစိတ်ထားမှာမကောင်းဘူးပေါ့”ဆိုပြီး သားအပေါ်ထားတဲ့ ဖခင်မေတ္တာတွေနဲ့ ရွှေကြိုမပါတဲ့အတွက် စိတ်မကောင်းတဲ့အကြောင်းပြောလာခဲ့ပါတယ်။

ကိုကိုဦးကတော့ သူငယ်ချင်းတွေက”သားကိုတော့ဂူဂျွန်ဖြိုးနဲ့တူတယ်လို့တော့ပြောကြတယ်”လို့မနေ့ညက ဟီးရိုးရုပ်ရှင်ဇာတ်ကားအထူးပြပွဲကိုတက်လာရင် မီဒီယာတွေကိုပြောခဲ့တာပဲဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်ကိုကိုဦးနဲ့သားဖြစ်သူသီဟအောင်တို့ရဲ့အင်တာဗျုးဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ကိုကိုဦးမှာဒီလိုသားချောလေးရှိမယ်လို့မထင်ကြဘူးမို့လား။ ပရိသတ်ကြီးကလဲ ကိုကိုဦးတို့သားအဖကိုအားပေးရင် Share ပေးသွားကြပါဦးနော်။

Video ကြည့်ရန်

Video Source : Cele Yatkwat

Facebook Comments

admin

error: Content is protected !!