စင်္ကာပူပရိသတ်​​တွေနဲ့တွေ့ဆုံဖို့ သွား​ရောက်နေကြပြီဖြစ်တဲ့​ လိပ်​ပြာစံအိမ်​ အဖွဲ့သား​တွေ

“လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးက​တော့ ​ကြောက်​မက်​ဖွယ်​​ကောင်းတာ​ကြောင့်​​ရော စိတ်​ဝင်​စားစရာ​ကောင်းတဲ့ ဇာတ်​လမ်း​ကြောင့်​ပါ လတ်​တ​လောမှာ ပရိသတ်​​စိတ်​ဝင်​စားမှုမြင့်​တက်​​နေတဲ့ ရုပ်​ရှင်​ကားကြီးပဲ ဖြစ်​ပါတယ်​။ လတ်​တ​လောမှာ​တော့ “လိပ်​ပြာစံအိမ်​”အဖွဲ့သား​တွေက စင်္ကပူက ပရိသတ်​​တွေနဲ့ ​တွေ့ဆုံဖို့ အတူခရီးထွက်​​နေကြတယ်​လို့ သိရပါတယ်​။ ဇတ်​လမ်း​လေးလည်း​ကောင်း သရုပ်​​ဆောင်​​တွေကလည်း မိုက်​​နေတာမို့ စင်္ကာပူကပရိသတ်​​တွေလည်း နှစ်​ခြိုက်​ကြမယ့်​ ရုပ်​ရှင်​ပဲ ဖြစ်​ပါတယ်​။

ချစ်​ပရိသတ်​​တွေ​အတွက်​ စင်္ကာပူပရိသတ်​​တွေနဲ့ သွား​ရောက်​​တွေ့ဆုံမယ့်​ “လိပ်​ပြာစံအိမ်​”အဖွဲ့သား​တွေရဲ့ပုံရိပ်​ကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ပရိသတ်​အချစ်​​တော်​ နိုင်းနိုင်း၊ ​ဒေါင်းနဲ့ ​ရွှေကစ်​​လေး

လိပ်​ပြာစံအိမ်​မှ တာဝန်​ရှိသူ​တော့ “Good Morning ??????လိပ်ပြာစံအိမ် အဖွဲ့သားများ စင်္ကာပူမှ ပရိသတ်များအားတွေ့ဆုံရန် ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွါလာပါပီ ခင်ဗျာ …?? MAI လေကြောင်းလိုင်းဖြင့် T-1 ကိုနေ့လည် ၁၂:၁၅ တွင်ရောက်ရှိပါမည် ✨✨✨” ဆိုပြီး ​ရေးသားထားတာပါ။

“လိပ်​ပြာစံအိမ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးက​တော့ ပြီးခဲ့တဲ့ ​ဖေ​ဖော်​ဝါရီလ ၈ ရက်​​နေ့ကတည်းက စင်္ကာပူမှာ ရုံတင်​ပြသ​နေတာပဲ ဖြစ်​ပါတယ်​။ လွန်​ခဲ့တဲ့နှစ်​​တွေကတည်းက ရိုက်​ကူး​နေတဲ့ လိပ်​ပြာစံအိမ်​ ရုပ်​ရှင်​ကြီးထဲက သရုပ်​​ဆောင်​​တွေကလည်း တစ်​ဦးနဲ့တစ်​ဦး ရင်းရင်းနှီးနှီး ရှိလှပါတယ်​။ ချစ်​ပရိသတ်​​တွေ​လည်း စင်္ကာပူသို့ ခရီးဆက်​​နေတဲ့ လိပ်ပြာစံအိမ် အဖွဲ့သား​တွေကိုချစ်​ရင်​ share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:လိပ်​ပြာစံအိမ်

Facebook Comments

admin

error: Content is protected !!