မိတ္ထီလာအမှိုက်ပုံက ကလေးအသေကိစ္စ ဇေရဲထက် ပွဲကြမ်းပြီ

ပရိသတ်ကြီးရေ ချစ်သူများနေ့အပြီး နောက်တစ်ရက်မှာ လူမှုကွန်ရက် အသုံးပြုသူတွေ စိတ်မချမ်းသာဖြစ်ခဲ့ရတဲ့ကိစ္စတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ်ကွက် သြဇာခြံနယ်မြေ ဇော်ဆေးခန်းဘက်အချိုး မိတ္ထီလာ မြင်းခြံ လမ်းမဘေးတွင် ကလေးငယ်တစ်ဦးအား စွန့်ပစ်ခဲ့ခြင်းဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တဲ့ သတင်းဟာလူမှုကွန်ရက်ပေါ်မှာဟိုးလေးတစ်ကျော်ဖြစ်ခဲ့တာပါ။

လမစေ့ ကိုယ်အင်္ဂါမစုံသေးတဲ့ ကလေးငယ်ကို ဖျက်ချပြီး လမ်းဘေးအမှိုက်ပုံမှာစွန့်ပစ်ထားတဲ့ အတွက် လူမှုကွန်ရက်အသုံးပြုသူတွေက အဆိုပါလူမဆန်တဲ့လုပ်ရပ်ကို အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

ဇေရဲထက် ကတော့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး သူ့အမြင် ကို အခုလိုပြောပြထားပါတယ်။ “လူမဆန်သော မိန်းမပါလား အပြစ်မဲ့တဲ့ကလေးကိုမှလုပ်ရက်ကြတာ၊အစကတည်းကမလိုချင်ရင်အခုခေတ်မှာတားဆီးဆေးတွေများတာကို။ရခဲတဲ့လူ့ဘဝကို ရပြီးမှကလေးရယ်၊ ဒါပေမယ့်ကလေးရယ်ဒီလိုမိန်းမယုတ်ဆီမှာလူလာဖြစ်မယ့်အစား သေတာ မှအေးချမ်းပါသေးတယ်၊လူဖြစ်လာရင်လည်းမိခင်စိတ်မရှိတဲ့မိန်းမဆိုးဆိုတော့ ကလေးပဲစိတ် သောကရောက်ရမှာကလေးလေးကောင်း ရာနေရာ မှာကောင်းသောဘဝမှာပြန်ရရှိပါစေ”လို့ ဆုတောင်းထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ ဇေရဲထက်ရဲ့ ပွဲကြမ်းစကားအတွက် မှတ်ချက်ကနေ အမြင်လေးတွေပြောပြခဲ့ကြပါနော်။

Source – Cele Gabar

Facebook Comments

admin

error: Content is protected !!