ဘဝမှာ အရွံဆုံး နဲ့ အမုန်းဆုံး ယောကျာ်းကို ပြောလိုက်တဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေက အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ လည်လွန်းတတ်လွန်းတဲ့ ကလေးလေး ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုလို့နေပါတယ်။

အသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။
အေးသင်က ဘဝမှာ အရွံဆုံးနံအမုန်းဆုံးယောက်ကျားအကြောင်းကိုပြောပြလာပါတယ်။ အေသင်မုန်းတဲ့ ၊ ရွံတဲ့ ယောကျာ်းတွေရဲ့ ဂုဏ်ပုဒ်တွေကတော့အခုလိုပါ။

အေသင်က “ဘဝမှာ အရွံဆုံး နဲ့ အမုန်းဆုံးက ယောကျာ်းဖြစ်ပြီး ကိုယ့်ကို သိပ်ချစ်တဲ့ မိန်းမ တယောက်ကို ကျ အသေအလဲနိုပ်စက်ချင်တိုင်း နိုပ်စက်၊ အသေအလဲ ရိုက်ချင်ရိုက် ပြီးမှစောက်ရှက်မရှိ ခြေသလုံးပြန်တောင်းပန်၊ အဲ့လို စောက်ရူး ယောကျာ်းတွေကို အသေရွံပြီး မုန်းတယ်။ ကိုယ်တော့လွတ်မြောက်ခဲ့ပြီ။”လို့ရေးသားဖော်ပြထားပါတယ်။ တချိန်က ပတ်သက်ခဲ့တဲ့ယောကျာ်းတစ်ယောက်ဟာ အေသင့်ကို အခုလို တွေကျူးလွန်ခဲ့လေသလားစဉ်းစားစရာပါ ။ ပရိသတ်တွေရော အေသင်နဲ့ခံစားချက်ခြင်းတူရင်မှတ်ချက်ကနေပြောပြခဲ့ကြပါနော်။

Source-Athen Cho Swe

Facebook Comments

admin

error: Content is protected !!