ခေး​လေးယွန်းတို့ သားအမိဆီ အလည်​သွားခဲ့တဲ့ တီတီ​လေးပန်းရောင်ခြယ်

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်ကြီး လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုးလေးကတော့ ချစ်ရသူနဲ့အတူ လက်ထပ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပါ။ လတ်တလောမှာတော့ ပန်း​ရောင်​ခြယ်​က ယွန်းဝတီလွင်မိုးနဲ့ သားသားလေး Liam ဆီကို သွားလည်​ခဲ့တဲ့ အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်​စရာ​ဘေဘီ Liam လေးကတော့ တီတီပန်းရောင်ရဲ့လက်​​ပေါ်မှာ ပျော်​နေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် Liam​​လေးဆီ သွားလည်ခဲ့တဲ့​တီတီပန်းရောင်ခြယ်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပန်း​ရောင်​ခြယ်​က​တော့ “​ခေး နဲ့ Liam လေးဆီ ???” ဆိုပြီး ချစ်​စရာ​ကောင်းတဲ့ပုံ​လေးကို လူမှုကွန်​ယက်​မှာ တင်​ထားတာပါ။

တီတီလေး ပန်းရောင်က​တော့ တ​လောကလည်း Liam ​လေးဆီ လက်ဆောင်ပို့​ပေးခဲ့ပါ​သေးတယ်​။

ယွန်းဝတီလွင်မိုးရဲ့ ချစ်မဝတဲ့ သားသားလေး Liam (လွင်ထက်) ကတော့ အခုဆိုရင် ၄ လကျော်သွားပြီပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက ချစ်ရသူနဲ့ ထိမ်းမြားလက်ထပ်ခဲ့တဲ့ ယွန်းဝတီလွင်မိုးလေးကတော့ သြဂုတ်လ ၆ရက်နေ့မှာ သားဦးလေး liam ကို မွေးဖွားသန့်စင်ခဲ့တာပါ ။ ယွန်းဝတီလွင်မိုးလေးကတော့ မကြာခင်မှာပဲ ကျောင်းတက်ဖို့အတွက် ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျကို ပြန်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ချစ်စရာကောင်းတဲ့ သားသားလေး Liam ဆီကို သွားလည်​ခဲ့တဲ့ ပန်း​ရောင်​ခြယ်​​လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source : momolay

Facebook Comments

admin

error: Content is protected !!