ချစ်ရသူလေးနဲ့ ရွှေလက်တွဲ လက်ထပ်သွားပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသားထူးခြား

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ နေရာတစ်ခုအထိ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသားချော ထူးခြားကလည်း အပါအဝင်ပါပဲ..။

သဘာဝဆန်ပြီး ပီပြင်တဲ့ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားသူဆိုလည်း မမှားပါဘူးနော်..။

သရုပ်ဆောင် မင်းသားထူးခြားကတော့ ဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး သတ်ကွင်း ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာလည်း တွေ့ရပါတယ်နော်..။

ပရိသတ်တွေရဲ့ ရင်ထဲကအနုပညာရှင်တစ်ဦးဖြစ်တဲ့ ထူးခြားကတော့ ချစ်သူများနေ့အပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ(၁၅)ရက်နေ့လေးမှာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့အတူ ရွှေလက်တွဲပြီး လက်ထပ်လိုက်ပါပြီနော်..။

သူတို့စုံတွဲလေးရဲ့ ချစ်သူသက်တမ်း(၂)နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁၅)ရက်နေ့လေးမှာပဲ တရားရုံးတက်လက်မှတ်ထိုးပြီး လက်ထပ်ခဲ့ကြတာဖြသ်ပြီး ကြည်နူးစရာ အမှတ်တရပုံရိပ်လေးတွေကိုလည်း ထူးခြားက ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်နော်..။

ကြည်နူးအားကျစရာအမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ “ကျွန်တော့်ဘဝရဲ့အရေးအကြီးဆုံးနေ့တွေထဲကတစ်နေ့ ဒီနေ့..” ဆိုပြီး အပျော်လေးတွေက်ု မျှဝေထားတာမို့ ချစ်ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ဂုဏ်ပြုစကားလေးတွေ ပြောပေးထားတာလေးတွေကလည်း ပျော်ရွှင်ကြည်နူးစရာလေးပါပဲနော်..။

Photo – ထူးခြား

Facebook Comments

admin

error: Content is protected !!