ကိုယ်ပိုင်ကားနဲ့ ရွာပြန်နိုင်သွားပြီ ဆိုတဲ့ ဖြူဖြူထွေး

Last modified date

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးလေး ဖြူဖြူထွေးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရတာ တွေ့ရပါတယ်။ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးက ဗီဒီယိုဇာတ်ကားတွေနဲ့ ကြော်ငြာတွေ ရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေရတာ ဖြစ်ပါတယ်။

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲအတူ ဝေဖန်မှုတွေ ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူကို ချစ်ခင်တဲ့ ပရိသတ်ကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဖြူဖြူထွေးက အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေရင်းက ရရှိလာတဲ့ အနုပညာကြေးတွေနဲ့ မိသားစုကို တိုက်ဆောက်ပေးနိုင်အောင်ကြိုးစားနေတာပဲဖြစ်ပါတယ်။ မိသားစုအတွက် သူ့ရဲ့ ရည်ရွယ်ချက်တွေကိုလည်း အောင်မြင်အောင်လုပ်မယ်လို့ပြောပါတယ်။

ဖြူဖြူထွေးက ကိုယ်ပိုင်ကားလေးနဲ့ ရွာပြန်နိုင်ခဲ့ဆိုပြီး မိဘကို ကားဝယ်ပေးနိုင်ခဲ့တဲ့အကြောင်းလေးလဲပြောပြလာပါတယ်။ ဖြူဖြူထွေးက “တက္ကသိုလ် စာမေးပွဲအောင်သွားလို့ နောက်နှစ်ဆိုရင် ဘွဲ့ယူရတော့မယ်။ တစ်မိသားစုလုံးကို ကားအသစ် နဲ့ မြို့တက်ခဲ့ဖို့ မှာထားတယ်။ တစ်ချို့ပရိသတ်တွေကတော့ပြောတယ်လေ ကားတွေတိုက်တွေရှိတာကို ဘာပဲဖြစ်ဖြစ်ထုတ်မကြွားရဘူးတဲ့။ အမှန်က ဒါထုတ်ကြွားတာအဟုတ်ဘူးလေနော။ ဒါကဘယ်လိုလဲဆိုတော့ ကိုဒါမျိုး လုပ်နိုင်ခဲ့တယ်ဆိုတာကိုချပြတာပါ။ တချို့လူတွေများလိုက်လုပ်ချင်မလားလို့ လိုက်မလုပ်လဲရပါတယ်လို့။ ဒါက ကျွန်နော်ကကြိုးစားပြီး မိဘကိုဖြည့်စည်းပေးတဲ့ပေါ့နော်” ဆိုပြီးပြောလာခဲ့ပါတယ်။

ဖြူဖြူတွေးကတော့ ဘယ်သူတွေဘယ်လောက်ဝေဖန်ဖေန် ပြုံးပြုံးလေးနဲ့ ရိုးရိုးသားသားကြိုးစားခဲ့လို့ မိဘကိုလုပ်ကျွေးနိုင်တဲ့ သမီးလေးတစ်ယောက်လဲဖြစ်ပါတယ်။ တက္ကသိုလ် ဘွဲ့ကိုလဲ ဆံရစ်ဝိုင်းလေးနဲ့ပဲတက်ယူမယ်လို့ဖြူဖြုထွေးကပြောခဲ့ပါသေးတယ်။ဖြူဖြူထွေးရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ဖြူဖြူထွေးကိုချစ်ရင် Share ပေးသွားကြဦးနော်။

Video ကြည့်ရန်

Video Source : Myanmar celebrity

Facebook Comments

admin

error: Content is protected !!